Uni...
Season 2 (Part 8)
David ေနမခလက်ကို ဖြုတ်ချရင်း...
" ဘာမှမဖြစ်ပါဘူး။အခန်းထဲ၀င်တော့"ေနမခ ခေါင်းခါရမ်းကာ
" သွေးတွေကဖြင့်တစ်ကိုယ်လုံးပေနေတာကို ဘာမှမဖြစ်ဘူးဟုတ်လား။
ကျွန်တော့်ကို အရူးများမှတ်နေလား..သွေးညှီနံ့
တွေပါရနေတာလေ သွေးမဟုတ်ဘူးပြောအုန်းမလို့လား "နေမခ နောက်တစ်လှမ်းဆုတ်လိုက်ရင်း
" လူတွေသတ်လာတာမလား ။ David ခင်ဗျားရဲ့အခုပုံစံက တကယ်မကောင်းဆိုးဝါးတစ်ကောင်လိုပဲ ... ဟိုတစ်ယောက်ပြောတာ မမှားလောက်ဘူး။ ခင်ဗျားကတကယ့်မကောင်းဆိုးဝါးပဲ...အရင်က လူကြီးလူကောင်း မျက်နှာဖုံးနောက်မှာ ဒီပုံတွေရှိနေတာကို ကျွန်တော်အခုမှ သိရတယ်"David အားရွံရှာကြောက်ရွံ့သလိုပြောလာတဲ့ နေမခ ကြောင့်....David
ရင်ထဲ ရှော့တိုက်ခံလိုက်ရသလိုပင်... ။ဘယ်လိုကိစ္စမျိုးကိုမဆို ကြောက်
လန့်ခြင်းမရှိ ဘယ်လို နာကျင်မှုမျိုးကိုမှ မမှုသည့်သူက ... သူ့ချစ်ရသူလေး၏ နှုတ်ဖျားကအကြင်နာမဲ့စွာထွက်လာသည့် စကားလုံးတွေ အကြည့်တွေကြောင့် တုန်လှုပ်နာကျင်ရပါသည်...။" နေမခ ဝင်လိုက်တော့... အခုကိုယ်မင်းနဲ့ရန်ဖြစ်ချင်စိတ်ရှိမနေဘူး။"
ဟုပြောရင်း သူ့နာကျင်မှုကို ဖုံးကွယ်ကာ ထွက်လာလိုက်သည်...။David ထွက်သွားမှ Ven ကဝင်ပြောသည်။
" David လမ်းမှာ လုပ်ကြံခံရတယ်..."" ဘာ..."
" ပြန်တဲ့လမ်းမှာ အနောက်ကနေကားကို ၀င်တိုက်တာပါ..ပြီးတော့ သူတို့နဲ့ပြဿနာလေးပါဖြစ်သွားလို့"
" မင်းတို့ကျ ဘာမှမဖြစ်ဘူး။ ဘာလို့လဲ သူ့ကိုမကာကွယ်ပေးကြဘူးလား"
" ကျွန်တော်တို့နောက်ကျသွားလို့ပါ။ ပြီးတော့ ကျွန်တော် ဆရာဝန်ခေါ်ထားတယ်။ ဒါပေမဲ့ David ရဲ့အခုစိတ်အခြေအနေနဲ့ဆိုသူကုမှာမဟုတ်ဘူး။
နေမခ ကပဲကူပြောပေးပါ ပိုးဝင်သွားရင်မကောင်းဘူး"
Ven...နေမခပဲပြောလို့ရမယ်ဆိုတာသိ၍ ပြောပြလိုက်ရသည်။" ကျစ်..."
ဟု တစ်ချက်ရေရွတ်ပြီး ဆေးသေတ္တာကိုယူကာနေမခ David နောက်လိုက်သွားသည်။ သူမှ မျက်နှာမလွှဲနိုင်ပဲ သွားပြောရတော့မှာပေါ့ ဘယ်လောက် အမြင်ကတ်တယ်ပြောပြော အကြာကြီးအတူရှိလာတာ သံယောဇဥ်ရှိပါသည်။
YOU ARE READING
( My Lovely Mafia )Mafia ရဲ့အကြင်နာကြမ်းကြမ်း Season 1+2🖤
RomanceSeason 1 (Completed 1 to 41) Season 2 ( Completed 1 to 31) ခေတ်မင်းသစ်(King)+မိုးထက်မြင့် David Sivan + နေမခ