Uni
မာဖီးယားရဲ့ အကြင်နာကြမ်းကြမ်း
(My lovely Mafia)extra7Light နိုးလာတော့ သူ့လက်မောင်းထဲတွင် ကြောင်လေးသဖွယ် အိပ်နေသော Bright ကို
အနမ်းလေးပေးလိုက်သည်...။ညက King တို့ wedding party မှာတော်တော်ကဲခဲ့ပြီး မနက်မထနိုင်...
Light ပဲအရင်ထလိုက်ကာ Bright အတွက်မနက်စာ သွားယူပြီးပြန်လာခဲ့သည်။
" Bright အိပ်ပုတ်လေး ထတော့...."
Light နှိုးမှ ထလာကာ
" အစ်ကို့..."" မျက်နှာဘာညာ သွားသစ် ကိုယ် မနက်စာယူလာခဲ့ပေးတယ်"
" ဟုတ် ကျေးဇူးပါ ဗျ"
Light လည်း သူအားအမြဲတမ်းကျေးဇူးတင်နေသည့် ထိုကောင်လေးအား မနိုင်တော့ပေ...။
Bright မနက်စာ စားနေတာကို Light ကထိုင်ကြည့်နေရင်း
" ကိုယ် အားလပ်ရက် ရက်ရှည်ရထားတယ်။ မြန်မာပြည်ပြန်ပြီး မင်းအဖွားနဲ့ ညီမလေးဆီသွားလည်ကြမလား"
"ဗျာ "
"အင်း အရင်ကဆို King နားခိုင်းရင်တောင် ကိုယ်မနားဘူး။ နားပြီးသွားစရာနေရာလည်းမရှိဘူးလေ... "
" အစ်ကို ကျွန်တော့်အဖွားတို့နဲ့ တွေ့ချင်လို့လား"
" အင်း ဘာလဲ မင်းက ကိုယ့်ကို ပေးမတွေ့စေချင်ဘူးလား"ဟု Light ကပြောတော့
Bright က ပြာပြာသလဲ ငြင်းသည် ။
" မဟုတ်ပါဘူးဗျာ အစ်ကိုက အဲလိုပြောလာမယ်မထင်ထားလို့"
" ကိုယ်တို့မြန်မာပြည်မှာ ပြန်တွေ့တုန်းကလည်း ပြဿနာတွေ ရှုပ်နေတာနဲ့ သူတို့ကိုတောင်မနှုတ်ဆက်လိုက်ရဘူးလေ...."
" မြန်မာပြည်ဆိုမှ သတိရသွားပြီ။ အဲတုန်းက ကျွန်တော်တို့သာ ပြန်မတွေ့ရင် အစ်ကိုသာ အဲညက ကျွန်တော်နဲ့ မရှိခဲ့ရင်။ ကျွန်တော်တို့ အခုလိုအခြေအနေထိ မရောက်လောက်ဘူးထင်တယ်နော်"
Light စားစရာတွေကြောင့် ဖောင်းနေသည့် Bright ပါးလေးအား နမ်းလိုက်ကာ
" တကယ်လို့ မင်းသာ ကိုယ့်ကိုစပြီး ဖွင့်မပြောခဲ့ရင်...ကိုယ်မင်းနဲ့ ဇာတ်လမ်းစရဲမှာမဟုတ်ဘူး။
ကိုယ်က တစ်ခြားနေရာမှာသာ သတ္တိရှိမယ်။ အချစ်နဲ့ ပတ်သတ်ရင် မရဘူး။
မင်းလေးက ကိုယ့်ထက် သတ္တိပိုကောင်းတယ် "
YOU ARE READING
( My Lovely Mafia )Mafia ရဲ့အကြင်နာကြမ်းကြမ်း Season 1+2🖤
RomanceSeason 1 (Completed 1 to 41) Season 2 ( Completed 1 to 31) ခေတ်မင်းသစ်(King)+မိုးထက်မြင့် David Sivan + နေမခ