Uni....
Mafiရဲ့အကြင်နာကြမ်းကြမ်း(My Lovely Mafia) အပိုင်း ၅
" ပစ္စည်း ရပြီလား Night"
ခေတ် မိုးထက်ကို ပေးမည့် လက်ဆောင်အဆင်သင့်ဖြစ်မဖြစ်မေးလိုက်သည်။"ဟုတ်ရပါပြီ ခဏနေLight ယူလာပါလိမ့်မယ် "
" ok ငါမိုးထက်ဆီသွားလိုက်အုန်းမယ် ညကျအပျော်စီး သေင်္ဘာအတွက်သေချာပြင်ဆင်ထားပေး"
"ဟုတ်"
.....
မိုးထက် ဟိုတယ်အခန်းထဲကနေပြီး အပြင်က
ပဲရစ်မြို့ကြီးကိုကြည့်နေသည်။ ကြားမှာ မှန်ချပ်တွေကပ်ထားတာမို့ အပြင်ကိုသေသေချာချာရှင်းရှင်းလင်းလင်းမြင်ရသည်လေ။
" မြို့ထဲတော့ရောက်နေပြီဆိုတော့ ထွက်ပြေးဖို့နည်းလမ်းကိုသေသေချာချာစဥ်းစားရမယ်
အကြံတွေထွက်စမ်းပါကွာ။ ဟိုတယ်တစ်ခုလုံးမှာလဲအစောင့်တွေအပြည့်နဲ့ ကျစ် လခွမ်းလိုပဲ
လွှတ်လမ်းကိုမရှိဘူး။ ညကျ အီဖယ်တာဝါ နဲ့စိန်းမြစ်သွားတဲ့အချိန်မှပဲ တစ်ခုခုကြံရမယ်"ဆိုကာ
မိုးထက် အကြံထုတ်နေတုန်း အနောက်ကနေ
သူ့ကိုလာဖက်တဲ့ ခေတ်ကြောင့် လန့်သွားသည်။" ဘာတွေတွေးနေတာလဲ baby"
" ဘာ ဘာမှမတွေးပါဘူး "
" hotel တစ်ခုလုံး ကိုယ့်လူတွေရှိတယ် မဟုတ်တာတွေကြံမနေနဲ့ လိမ်လိမ်မာမာ နဲ့ကိုယ့်စကားပဲနားထောင် မဟုတ်တာတွေလုပ်လို့ ကိုယ်အပြစ်ပေးမှ အဆိုးမဆိုနဲ့နော်"
" ဘာလုပ်လို့လဲ ဘာမှလည်းမလုပ်ပဲနဲ့ ပြီးတော့ ကျွန်တော်ကလေးမဟုတ်ပါဘူး။ အခုဆို၂၅နှစ်တောင်ပြည့်ပြီလေ စကားတစ်ခုကိုထပ်ခါထပ်ခါ ကျွန်တော့်ကိုသတိမပေးနေပါနဲ့ မှတ်မိပါတယ် "
ခေတ် မိုးထက်ခေါင်းလေးကိုနမ်းလိုက်ပြီး
" အင်း သေသေချာချာလေး ခေါင်းထဲမှာမှတ်ထား""ဟုတ်ကဲ့ပါ မှတ်ထားပါတယ် လုံးဝထွက်မပြေးရဲပါဘူးဗျာ"
မိုးထက်ရွဲ့ကာပြန်ပြောလိုက်သည်။.......
ညဘက် အီဖယ်တာဝါ ကြီးကတကယ်ကိုလှသည်။ မီးရောင်စုံတွေနဲ့ လူတွေလည်း အများကြီးရှိကြသည်။ ဒါပေမဲ့ မိုးထက်ကတော့ လှပမှုကိုသေချာမခံစားနိုင်။ သူနဲ့ခေတ်မင်းသစ်နောက်မှာ bodyguard တွေအများကြီးပါနေတာကြောင့် တစ်ချို့က သူတို့အားကွက်ကြည့်ကွက်ကြည့်။
မိုးထက်လည်းစိတ်ပျက်လက်ပျက်နဲ့ ပြောလိုက်သည်။
" သွားရအောင် ဗိုက်ဆာပြီ"
YOU ARE READING
( My Lovely Mafia )Mafia ရဲ့အကြင်နာကြမ်းကြမ်း Season 1+2🖤
RomanceSeason 1 (Completed 1 to 41) Season 2 ( Completed 1 to 31) ခေတ်မင်းသစ်(King)+မိုးထက်မြင့် David Sivan + နေမခ