Season 2(အပိုင်း ၁)🖤❤🖤

31.2K 1.6K 74
                                    

Uni..

Season -2(Part 1)

ခမ်းနား ကျယ်ဝန်းလှသည့် အခန်းကြီးတစ်ခုထဲ
လူတစ်ယောက် အလျင်စလိုဝင်လာသည်။
ထိုသူက Ven

" David... ရှာတွေ့ပါပြီ မေ့ဆေးသုံးထားတာကြောင့် အခုထိ မေ့မျောနေတုန်းပါ"

"လေယာဥ်ပြင်လိုက် အခုချက်ချင်း အီတလီသွားမယ် " ဟုပြောရင်းပင် David သူ့ဖခင်ဆီ ဖုန်းဆက်လိုက်သည်။

ပြင်သစ်နဲ့ အီတလီ အကွာအဝေးမှာ ၅၉၆ မိုင်ခန့်ရှိပြီး... လေယာဉ်ဖြင့်သွားလျင် တစ်နာရီကျော်မျှသာရှိသည်...။

(အခုပြောနေသည့် စကားလုံးတွေက သူတို့အချင်းချင်း Eng လိုပြောနေကြတာလို့ မြင်ပေးပါနော် David နဲ့Venက မြန်မာ စကားပြောတက်ပေမဲ့
တစ်ခြားသူတွေအကုန်လံုးကတော့ မြန်မာလိုမတက်ဘူးလေ
သူ့အဖေနဲ့ ပြောတဲ့ အခန်းတွေ ကျရင်တော့ အီတလီလို ပြောတယ်ပဲ သဘောထားပေးပါရှင့်💙
ခွန်းလည်း အဲစကားတွေ မတက်တော့မရေးတက်ဘူး😆...)

လေယာဉ်ပေါ်တွင်...မေ့နေသည့် David မိခင်နိုးလာကာ

" David...ငါ့ကို ဘယ်ခေါ်သွားမလို့လဲ... "

" အမေ သိပြီသားဖြစ်မှာပါ.. ..အဖေကလွဲလို့ ဘယ်သူ့ဆီဖြစ်နိုင်အုံးမလဲ "
David သူ့ဘေးမှထိုင်နေသည့် သူ့အမေအား
လှည့်မကြည့်ပဲ အေးစက်စွာပြောလိုက်သည်။
" အမေ့ကို ကူညီပေးတဲ့သူတွေက ဘယ်သူလည်း"

David မိခင် မျက်နှာပျက်သွားကာ
" ဘယ်သူမှ မကူညီဘူး"

" အဲဒါဆို...ကျွန်တော့်လူတွေ လက်ထဲမှာ သေသွားတဲ့ နှစ်ယောက်က သရဲတွေများလား"

" ငါ..ငါ ပိုက်ဆံ ပေးပြီးငှားထားတာ"

" ဘယ်သူလဲဆိုတာမပြောလဲရတယ် ဘယ်လိုပဲ ဖြစ်ဖြစ် စုံစမ်းရင် သိမှာပဲ "

" အမေ တောင်းပန်ပါတယ် ...ပြန်မသွားချင်ဘူး။
သူ့ဆီမှာနေရတာ ငရဲလိုပဲ... ကျေးဇူးပြုပြီး ကူညီပေးပါ"
ဟု David လက်ကို အားကိုးတကြီး ဆုပ်ကိုင်ရင်းပြောသည်။

David ထိုလက်ကိုဖြုတ်ချကာ
" အဖေက အမေ့ကို ဘာမှ မလုပ်ပါဘူး... သူ့ဆီက မထွက်ပြေးသေးသ၍ပေါ့..."

David မိခင်ကခါးသီးစွာငြင်းသည်။
" ငါသူ့ကို မချစ်ဘူး သူ့အနားမှာမနေချင်ဘူး"

( My Lovely Mafia )Mafia ရဲ့အကြင်နာကြမ်းကြမ်း Season 1+2🖤Where stories live. Discover now