Uni
Season 2 (Part 9)
"ဟိန်း...ငါ့ကိုေခတ်နဲ့အပြင်ခဏ သွားလိုက်အုံးမယ်"
မိုးထက် ကာရံဟိန်းအခန်းထဲဝင်ကာပြောလိုက်သည်။ကာရံဟိန်းကလည်း တစ်နေရာရာ သွားဖို့ပြင်နေသည့်ပုံကြောင့်
" မင်းရောအပြင်သွားမလို့လား""ဟုတ်တယ်။ မပြန်ခင်လေး Leon ဆိုင်သွားမလို့"ဆိုကာ အင်္ကျီလက်က ကြယ်သီးကိုတပ်ရင်းပြန်ဖြေသည်။
"သူနဲ့ ခင်တောင်ခင်နေပြီလား ခဏခဏ သွားတယ်နော်။"
" သူ့ဆီမသွားရင်ငါက ဘာလုပ်နေရမှာလဲ။ မင်းက မင်းရဲ့ယောက်ျားနားပဲကပ်နေပြီ သူငယ်ချင်းကိုမှ ဂရုမစိုက်တာ"
မိုးထက် ရယ်ပြကာ
" ငါမပစ်ထားပါဘူး ဂရုစိုက်ပါတယ်မင်းကလည်း""ထားပါ။ မင်းတို့ ဘယ်သွားမလို့လဲ..."
"ဟို ..ဟိုလေ..."
" တော်ပါတော့ တစ်ဟိုဟိုနဲ့ ဘာဖြစ်နေတာလဲ။ ပြောမရရင်လည်းမပြောနဲ့တော့ လျို့ဝှက်ချက်ကြီးပဲ"
မိုးထက် ဘာပြောရမလဲမသိ ဖြစ်နေတာကြောင့် ကာရံဟိန်း စိတ်မရှည်တော့
"သွားစရာရှိရင်လည်း သွားတော့လေ"" အဲဒါဆိုသွားပြီနော် bye ..."
ဟုပြောရင် မိုးထက်မြင့် အပြင်ပြေးထွက်ခဲ့တော့သည်...။" baby ကြာလိုက်တာ...ဘာတွေအဲ့လောက်တောင်ပြောနေလို့လဲ"
စောင့်နေရသည့် ခေတ်ကမေးလိုက်သည်။" ကိုခေတ်ကလည်း ဒီလိုပဲပေါ့။ နေမခဆီ ဟိန်းမသိအောင်သွားတွေ့ရတာ လိပ်ပြာမလုံဘူးလေ။ ပြီးတော့ သူလည်း David ရဲ့ ညီဆိုတဲ့ တစ်ယောက်ဆီသွားမလိုတဲ့ သူတို့နှစ်ယောက်ခင်နေကြတာသိလား"
" ဟုတ်လား...။ ထားပါ အဲဒါသူ့ကိစ္စအခုDavid ဆီသွားရင် baby စကားပြောရုံပဲနော် မဟုတ်တာတွေ လျှောက်မလုပ်ရဘူး "
"စိတ်ချပါ ကိုခေတ်ရဲ့..."
မိုးထက် ခေါင်းတငြိမ့်ငြိမ့်ဖြင့်ပြန်ပြောလိုက်သည်။....
နေမခ ကတော့ မိုးထက်မြင့်လာ၍ ပျော်သွားသည်။
မိုးထက်နဲ့ နေမခအားပြောချင်တာ ပြောလို့ရအောင် အခန်းထဲလွှတ်ထားပေးလိုက်သည်။
YOU ARE READING
( My Lovely Mafia )Mafia ရဲ့အကြင်နာကြမ်းကြမ်း Season 1+2🖤
RomanceSeason 1 (Completed 1 to 41) Season 2 ( Completed 1 to 31) ခေတ်မင်းသစ်(King)+မိုးထက်မြင့် David Sivan + နေမခ