Uni...
Season 2 (Part 5)နေမခ အလန့်တကြားပင် ကုတင်ပေါ်မှ ထလိုက်ပြီး.... David နားသွားကာ ဗိုက်ကသွေးတွေကိုစမ်းရင်း
" ခင်ဗျား ဒဏ်ရာရခဲ့တာလား..."
ဟုစိတ်ပူပြီးမေးလိုက်သည်။သူ့ကိုစိတ်ဝင်တစားနဲ့ မေးလာတဲ့ နေမခကြောင့်
David ပျော်သွားကာ ပြုံးလိုက်မိသည်။" ဘာဖြစ်လာတာလဲလို့ ဘာကိစ္စပြုံးနေတာလဲ
ဒဏ်ရာရရင်လည်း ဆေးရုံဖြစ်ဖြစ်ပြရမယ်လေ"
နေမခ နားမလည်သည့်ဟန်နဲ့ David အားမျက်မှောင်ကြုတ်ကာ ကြည့်လိုက်သည်။" ခ ကိုယ့်ကို စိတ်ပူပေးတာလား။ စိတ်မပူပါနဲ့ ဒါကိုယ့်သွေးတွေမဟုတ်ဘူး။ သူများသွေး ။အရင်ဆေးကြောရမှာကို ခအိပ်ပြီလား သိချင်လို့ ဒီကိုအရင်လာလိုက်တာ"
ထိုအခါမှ နေမခ David အားတွန်းထုတ်လိုက်ပြီး စိတ်ပျက်သလို ကြည့်လိုက်သည်...။
ရုတ်ချည်းပြောင်းလဲသွားတဲ့ နေမခကိုကြည့်ပြီး
" ခ..."
" ခင်ဗျား ထွက်သွားတော့... သွေးတွေနဲ့ ရွံံတယ်"
David အတွက်ဒါတွေက အထူးအဆန်းမဟုတ်ပေမဲ့ နေမခက ရွံ့တယ်ဟုပြောလိုက်တာကြောင့်
" sorry ကိုယ်အရင်သွားသန့်ရှင်းလိုက်အုံးမယ်"
ဆိုကာ အခန်းထဲက ပြန်ထွက်သွားသည်။နေမခလည်း ထိုအခါမှ ရေချိုးခန်ထဲ ဝင်လိုက်ပြီး သူ့လက်မှာ ပေသွားတဲ့ သွေးအချို့ကို ဆေးကြောလိုက်သည်...။
ပြီးနောက် မှန်မှာပေါ်နေသည့် သူ့ရုပ်သူကြည့်ပြီး သက်ပျင်းတစ်ချက် ချလိုက်လေသည်။" ဘယ်အချိန်ထိ သူနဲ့ပတ်သတ်နေရအုန်းမှာလဲကွာ..."
သူတကယ်မုန်းသည် တစ်ယောက်နဲ့တစ်ယောက် အချင်းချင်း သတ်ဖြတ်နေကြတာမျိုး... လွတ်လွတ်လပ်လပ် အေးအေးချမ်းချမ်းနေချင်သူက...ထိုအရာတွေနဲ့ ပတ်သတ်ရလိမ့်မယ်ဟု တစ်ခါမှမထင်ခဲ့မိ...။
သို့ပေမဲ့ ခဏက David အား စိတ်ပူသွားသည်မှာတော့ စိတ်ရင်းမှန်ဟုဆိုရပေမည်...။....
" sorry နော် ဟိန်းမနေ့ညက မလာဖြစ်တာ"
မိုးထက် ကာရံဟိန်းအား ဆေးရုံဆင်းတာလာကူညီရင်း တောင်းပန်စကားဆိုလိုက်သည်။
ŞİMDİ OKUDUĞUN
( My Lovely Mafia )Mafia ရဲ့အကြင်နာကြမ်းကြမ်း Season 1+2🖤
RomantizmSeason 1 (Completed 1 to 41) Season 2 ( Completed 1 to 31) ခေတ်မင်းသစ်(King)+မိုးထက်မြင့် David Sivan + နေမခ