Part 22🚨

74.7K 2.6K 359
                                    

Uni...

မာဖီးယားရဲ့ အကြင်နာကြမ်းကြမ်း(My lovely Mafia)အပိုင်း ၂၂

" သူကမင်းသတို့သားလောင်းဟုတ်လား...." စက်ရိပ်အံ့သြစွာမေးလိုက်ပြီး စက္ကန့်ကြာကြာ ဘာမှဆက်မပြောနိုင်ပေ၊။နှုတ်ခမ်းကိုလျှာနဲ့သတ်လိုက်ပြီး တံတွေးမြိုချလိုက်ပြီမှ ဆက်မေးလေသည်

" King မဟုတ်မှ ငါအောင်သွယ်သလိုဖြစ်သွားတာလား။ ငါကသူ့ကိုပြန်ပေးဆွဲခိုင်းတယ် မင်းကသူ့ကိုမြင်မြင်ချင်းကြိုက်သွားတယ်...ဇာတ်ကားတွေထဲကလိုဖြစ်သွားတာလား။ ဒါပေမဲ့ မင်းတို့နှစ်ယောက် လုံးကယောက်ျားလေးလေ ဘယ်လိုလုပ်ပြီး...ငါအခုခေတ်အခြေအနေကို နားလည်ပါတယ်။ ယောကျာ်း ချင်းကြိုက်ကြတယ်ဆိုတာအဆန်းမဟုတ်တော့ပေမဲ့လည်း...
မင်းကိုတော့ Gay ဆိုတာနဲ့ဘယ်လိုမှဆက်စပ်လို့မရဘူး။ ပြီးတော့ မိုးထက်မြင့် သူကရောဘယ်လိုလဲ သူကရော မင်းကိုတကယ်ကြိုက်တာတဲ့လား" စက်ရိပ် တစ်ရက်ဆက်ပြောလာသည်ကို
ခေတ်က

" မင်းအဲစကားများတဲ့အကျင့် အခုချိန်ထိမပြင်နိုင်သေးဘူးလား။ အဲဒါကြောင့် မလာခိုင်းတာ မိန်းမကြီးလိုပဲ ပွစိပွစိနဲ့ "

" ပါးစပ်ပါတာ စကားပြောဖို့လေကွာ မင်းရဲ့မိုးထက်မြင့်ကရော စကားမပြောလို့လား"
စက်ရိပ် မကျေမနပ်ဖြင့်ပြန်ပြောလိုက်သည်။

" မင်းနဲ့သူကမတူဘူး...ထက် စကားများတာက ကိစ္စမရှိဘူး ငါကြိုက်တယ်... "

" ညီအစ်ကိုကိုပစ်ပြီး အခုမှရတဲ့ရည်းစားကိုရွေးမယ်ပေါ့.. ငါကြောင့်သာမဟုတ်ရင် သူနဲ့တွေ့မယ်ထင်နေလား"

" မင်းကြောင့် ထက်နဲ့ပြန်တွေ့ရတာတော့မှန်ပါတယ်။ အဲဒါကြောင့် လဲအခုမင်းပါးစပ်ကို တိပ်နဲ့ထမပိတ်သေးတာပေါ့"

" မင်းကလည်း" စက်ရိပ် ခေတ်အားမျက်စောင်းထိုးလိုက်သည်။

" ငါ့ကိုစိတ်ဆိုးရင်တော့ မင်းကိုမိန်းမမတောင်းပေးတော့ဘူးနော်"

ထိုစကားကြားသည်နဲ့ စက်ရိပ်မျက်နှာဝင်းပသွားကာ...
ခေတ်ဘေးနားသွားပြေးထိုင်လိုက်ပြီး လက်မောင်းကိုချိတ်လိုက်သည်။
" King မင်းကအကောင်းဆုံးပဲကွာ "

( My Lovely Mafia )Mafia ရဲ့အကြင်နာကြမ်းကြမ်း Season 1+2🖤Where stories live. Discover now