Uni..
Season 2 (Part 13)
" ရောဂါကထွေထွေထူးထူးမတွေ့ပါဘူး။ ခန္ဓာကိုယ်က အားနည်းပြီး မေ့လဲတာဖြစ်မယ်..."ဟုဆေးရုံရှိ ဆရာဝန်က ရှင်းပြသည်။
" သူဒဏ်ရာလည်း ရထားသေးတယ်။ အဲတာနဲ့များဆိုင်လား"
နေမခ မနေနိုင်၍ မေးလိုက်တော့" အဲဒဏ်ရာက အရမ်းမဆိုးပါဘူး။ သက်သာနေပါပြီ။ အခု ခန္ဓာကိုယ်တွင်းက ဓါတ်တစ်ခုခုချို့ယွင်းပြီး အားယုတ်တာပါ...သေသေချာချာသိရအောင်...စစ်ဆေးမှုတွေတော့အများကြီးလုပ်ရမယ်"
ဆရာဝန် ပြန်ရှင်းပြသည့် စကားကြားပြီး Leonအနည်းငယ်ပင် ရယ်ချင်သွားသည်။ကာရံဟိန်း တကယ်ဖြစ်နေသည်က သူ့တိုက်ထားသည့် အဆိပ်ကြောင့် ခန္ဓာကိုယ်အတွင်းအဆိပ်အတောက်ဖြစ်ပြီး ကိုယ်ခံအားတွေ ယုတ်လျော့ကုန်တာဖြစ်သည်။
ဖြေဆေးမသောက်ရလျှင် တဖြည်းဖြည်း အားနည်းအား သေသွားမည်ဖြစ်ပြီး ဖြေဆေးသောက်လိုက်လျှင်တော့ စိုးရိမ်စရာ မရှိတော့ပေ။
ရှားပါးအဆိပ်ဖြစ်ပြီး သိရှိသည့် လူလည်းအနည်းငယ်သာရှိသည်။
ဆရာဝန် ပြောပေမဲ့လည်း နေမခက စိတ်မချသေး! ကာရံဟိန်းက အရင်ထဲကဖျားတာနာတာသိပ်မရှိသလို ကိုယ်ခံအားလည်းကောင်းပြီး ကျန်းမာရေးညီညွတ်သည့်အစားအစာများသာ စားသည်။ ကိုယ်ကာယလေ့ကျင့်ခန်းဆိုတာမျိုးလည်း အမြဲလုပ်နေသူက ...ယခုလိုအားပျက်နိုင်သည်တဲ့လား။ နှုတ်ခမ်းတွေက အစ ဖြူတာထက် ခရမ်းဘက်ပင် သန်းနေသည်။
David နေမခ ပုခုံးအားကိုင်ကာ နှစ်သိမ့်ပေးလိုက်ပြီး
" ခ သိပ်စိတ်မပူနေနဲ့ ဆရာဝန်က ထွေထွေထူးထူး မဟုတ်ပါဘူးလို့ပြောတာပဲ"
ထိုအချိန်ပင် Venက David အနားကပ်ကာ တိုးတိုးလေးစကားလာပြောသည်...။
Venပြောပြီးတာနဲ့..David က
" ကိုယ် ခဏ ဖုန်းသွားပြောအုံးမယ်"ဆိုပြီး အခန်းပြင်ထွက်လိုက်သည်။
အခန်းထဲမှာ နေမခ Leon နဲ့ မေ့နေသည့် ကာရံဟိန်းတို့ကျန်ခဲ့သည်။
Leon အခန်းအပြင်မှာ ဖုန်းပြောနေသည့် David ကိုလှမ်းကြည့်လိုက်ပြီး
မချိုမချဥ်ပြုံးလိုက်သည်။
YOU ARE READING
( My Lovely Mafia )Mafia ရဲ့အကြင်နာကြမ်းကြမ်း Season 1+2🖤
RomanceSeason 1 (Completed 1 to 41) Season 2 ( Completed 1 to 31) ခေတ်မင်းသစ်(King)+မိုးထက်မြင့် David Sivan + နေမခ