Season 2(အပိုင်း ၂)🖤❤🖤

24.9K 1.5K 49
                                    

Uni..

Season 2(Part...2)

မိုးထက်မြင့်တို့ ဆေးရုံကို အမြန်လိုက်လာတော့
နေမခက ဆေးရုံတွင် မရှိ...။

ကုတင်ထက်တွင် လှဲလျောင်းနေသည့် ကာရံဟိန်း ကိုသာ တွေ့သည်။ ပြီးတော့ Leon...။

Leon ကို မိုးထက်မြင့်က ဘယ်သူမှန်းမသိပေမဲ့
ခေတ်မင်းသစ်ကတော့ David ညီလေးဆိုတာသိသည်။
သို့သော် တစ်ယောက်နဲ့တစ်ယောက် ခင်မင်ရင်းနှီးခြင်းတော့မရှိပေ...။

"ဟိန်းဆိုတဲ့ တစ်ယောက်ရဲ့ သူငယ်ချင်း တွေလား"
Leon က Eng လိုစကားစပြောလိုက်သည်...။

" ဟုတ်ပါတယ်.... အခုသူ့အခြေအနေ ဘယ်လိုရှိလဲ။ ပြီးတော့ ကျွန်တော်နဲ့ရွယ်တူ ကောင်လေးတစ်ယောက်ကိုရော တွေ့မိသေးလား"
ဟုမိုးထက်မြင့်ကပြန်မေးတော့

" မင်းတို့ပထမဆုံးလာတာပဲ... တစ်ခြားဘယ်သူမှ မရှိပါဘူး။ ပြီးတော့ ပုခုံးကသူ့ဒဏ်ရာက အရမ်းစိုးရိမ်စရာအခြေအနေမဟုတ်တော့ပါဘူး။ တစ်ပတ်လောက် ကောင်းကောင်း အနားယူလိုက်ရင် ရတယ်တဲ့။လေ့ကျင့်ခန်းတွေပြန်လုပ်ဖို့ကတော့၁လလောက်အချိန်ယူရမှာပေါ့..."

ထိုအချိန်ပဲ အခန်းထဲကို Night ကဝင်လာကာ...
" King CCTV မှတ်တမ်းလည်းကြည့်ပြီးပြီ
ပြီးတော့ သေနတ်ကသတ္တုလုံးကိုပဲ အသုံးပြုပြီး ပစ်သွားတာ"

" အဲဒါဆို ရည်ရွယ်ချက် ကခြောက်လှန့် အနာတရဖြစ်ဖို့ပဲပေါ့"

" ရဲတွေလည်း အစရှာမရဘူးသေးပါဘူး...။ ကြည့်ရတာ ဆိုင်နဲ့ ဆိုင်ရှင်ကိုအဓိကထား တိုက်ခိုက်တဲ့ပုံပါ ကာရံဟိန်းက ကြားညှပ်သွားတဲ့သဘော"

ခေတ်မင်းသစ် မျက်မှောင်ကြုတ်လိုက်မိသည်။ ဤကိစ္စနဲ့ပတ်သတ်ပြီး
သူစဥ်းစားမိသူက တစ်ဖွဲ့သာရှိသည်လေ....။

....

ကာရံဟိန်း ပြန်နိုးလာတော့ ည၁၂ နာရီခန့်
" ဟျောင့် ဟိန်း ဘယ်လိုလဲ သက်သာရဲ့လား"
ဟု မိုးထက်က မေးတော့

ကာရံဟိန်းခြောက်သွေ့နေသည့် လည်ချောင်းအားစိုစွတ်ရန်အားယူ၍တံတွေးအရင်မြိုချလိုက်သည်။
" မင်းတို့ဘယ်လိုရောက်လာကြတာလဲ...."

( My Lovely Mafia )Mafia ရဲ့အကြင်နာကြမ်းကြမ်း Season 1+2🖤Where stories live. Discover now