Season 2( အပိုင်း ၁၂)❤️🖤❤️

16.5K 1.1K 24
                                    

Uni

Season 2( Part 12)

" David အကုန်လုံးလည်းသိနေပြီ … တကယ်ပဲ မွေးနေ့ကိုသွားမလို့လား…"ဟုVenကမေးတော့

David သူ့လက်ထဲက pistol သေနတ်ကိုစားပွဲပေါ်တင်လိုက်ကာ
"သိနေလို့ ကိုသွားရမှာလေ… "

"ခေါင်းဆောင်ကိုရော ဒီအကြောင်းနဲ့ ပတ်သက်ပြီး ဘယ်လိုပြောမှာလဲ"

David သက်ပျင်းချလိုက်ကာ
"ငါ့အဖေ သိလို့မရဘူး။ သူသိရင် စိတ်မြန်လက်မြန်နဲ့ Leon သေသွားလိမ့်မယ်…"

" ဒါပေမဲ့လည်း ဒီတိုင်းလွှတ်ထားဖို့က…"

" အင်း မလွှတ်ထားပါဘူး။ သူ့အတွက် မွေးနေ့ လက်ဆောင်ကို ငါပြောတဲ့ဟာသာ ပြင်ထားလိုက်…အခုကိစ္စက စိတ်ရှိတိုင်းမြန်မြန်လှုပ်ရှားလို့မရဘူး။ Leonနဲ့ပူးပေါင်းတဲ့အဖွဲ့လည်းရှိနေတာမို့ နည်းနည်းလေးအလျော့ပေးထားရမယ်… ပြီးတော့ ခအတွက်ဖုန်းအသစ်တစ်လုံးပေးပြီးသွားပြီလား "

" ခဏ ကသွားပေးထားပါတယ်…"

ဖုန်းရ၍ ပျော်နေမည့် နေမခအားကြည့်ရန် David ထွက်လာလိုက်သည်။

အခန်းထဲသို့ ဝင်လိုက်သည်နဲ့ ထင်ထားသည့် အတိုင်းသာ နေမခ တစ်ယောက်ဖုန်းအား ဝမ်းသာအားရဖြင့် ကြည့်နေသည်။

" ခ…"

ဟုခေါ်လိုက်တော့ နေမခက ဖုန်းအားပိတ်ကာ ဖုန်းကိုင်ထားသည့်လက်ကို နောက်ကျောဘက်ပို့လိုက်သည်။

" ဘာလည်း ဖုန်းပြန်တောင်းမလို့ဆို မပေးဘူးနော်… "

"ပေးထားပြီးပြီပဲ ကိုယ်က ဘာလို့ပြန်တောင်းရမှာလဲ"

ထိုအခါမှ နေမခလက်ကိုရှေ့ပြန်ထုတ်လိုက်ပြီး
"စိတ်မှန်တာမှမဟုတ်တာ ပြန်တောင်းမှာစိုးလို့ပေါ့"

" အရမ်းပျင်းနေမှာစိုးလို့ ပေးထားတာ…ဒါပေမဲ့ တစ်ခြားမူမမှန်တာတွေ လုပ်ရင်တော့ ကိုယ်ပြန်သိမ်းရလိမ့်မယ် "

( My Lovely Mafia )Mafia ရဲ့အကြင်နာကြမ်းကြမ်း Season 1+2🖤Onde histórias criam vida. Descubra agora