Uni
Season 2 (Part 15)
David အခန်းတံခါးဖွင့်ကာ ဝင်လာတော့ အိပ်ယာပေါ်ထိုင်နေသည့် နေမခ ကမန်းကတန်းကောက်ထပြီး ဖုန်းကိုသိမ်းလိုက်သည်။
" ခ...ညစာမစားဘူးလား။"
" မစားချင်တော့ဘူး"
David သူ့နက်ကတိုင်ကို ဆွဲဖြေကာ ချွတ်ရင် နေမခနား လျှောက်လာကာ
" ညနေထဲက ဘာမှမစားရသေးဘူးလေ..."" မဆာလို့မစားတော့ဘူး...မနက်မှစားတော့မယ်"
David နေမခ မျက်နှာကိုလက်ညိုးလေးသုံးကာမော့ေစလိုက်ပြီး
" ဟိုတစ်ယောက်ကို စိတ်ပူနေလို့ မစားနိုင်တာလား""ဒီတိုင်းပဲမစားချင်တာ...ပင်ပန်းနေတယ် အိပ်တော့မယ်"ဟုပြောပြီး David လက်ကိုဖယ်လိုက်သည်။
" Ok နားချင်နားပါ"
နေမခ ကုတင်ပေါ်လှဲချလိုက်ကာ ဘေးတစ်စောင်း မေးထောက်ရင်းမေးလာသည်။
"ဒီမှာ ဘယ်လောက်ကြာကြာနေရမှာလဲ"" ကိုယ်လုပ်ရမယ့် ကိစ္စလေးတွေပြီရင်းပြန်မှာပေါ့...ခ ဒီမှာမနေချင်ဘူးလား"
နေမခ မျက်စောင်းထိုးလိုက်ကာ David ကိုပြန်ပြောသည်။
" ဒီမှာမှ မဟုတ်ဘူး ။ခင်ဗျားရှိတဲ့နေရာမှာမနေချင်တာ လိုက်ချင်လွန်းလို့လိုက်လာတာကြနေတာပဲ ပြန်ပေးဆွဲခံရတာပါနော်""အိပ်တော့မယ်ဆို အဝတ်အစားတွေ မလဲဘူးလား။ ကိုယ့်ဗီရိုထဲမှာကြိုက်တာယူဝတ်လိုက်မနက်ဖြန်ကြမှ ခအတွက်အဝတ်အစားတွေပါ လာထည့်ပေးလိမ့်မယ် "
" မလဲဘူး.။န်တော်ကအဝတ်မလဲပဲ အိပ်တက်တဲ့အကျင့်ရှိတယ်"
နေမခ တမင်တကာရွဲ့ပြီးပြန်ဖြေတာကြောင့်David အနည်းငယ်ပြုံးလိုက်ပြီး...ရေချိုးခန်းထဲသို့ဝင်သွားတော့သည်။
နေမခ မှေးနေတုန်း အိပ်ယာကအိခနဲဖြစ်သွားတာကြောင့် မျက်လုံးဖွင့်ကြည့်တော့ အနီရောင် ညအိပ်ဝတ်စုံဝတ်ထားကာ သူ့ဘေးလာလှဲသည့် David ကိုတွေ့ရသည်။
" ဘာလဲ ဒီမှာအိပ်မလို့လား..."
"ကိုယ်က ဒီမှာမအိပ်ရင်ဘယ်မှာအိပ်ရမှာလဲ"
VOUS LISEZ
( My Lovely Mafia )Mafia ရဲ့အကြင်နာကြမ်းကြမ်း Season 1+2🖤
Roman d'amourSeason 1 (Completed 1 to 41) Season 2 ( Completed 1 to 31) ခေတ်မင်းသစ်(King)+မိုးထက်မြင့် David Sivan + နေမခ