Season 2(Part 20)💫❤💫

15.1K 1K 49
                                    

Uni

Season 2(Part 20)

နေမခ တွန့်ဆုတ်စွာဖြင့် David အဖေဘေးနားသွားရပ်လိုက်သည်။

" ငါဘယ်သူလဲသိလား.."
ဟု နေမခအားကြည့်ကာမေးလာတာကြောင့်…
နေမခ ခေါင်းငြိမ့်ပြလိုက်သည်။

"David နဲ့ကအခုဘယ်လိုဆက်ဆံရေးလဲ"
လို့ထပ်မေးလာတာကြောင့် နေမခ တိုင်နဲ့ခေါင်းနဲ့ပင်ပြေးဆောင့်ချင်သွားသည်။

"ဘာတွေမေးနေတာလဲ ငါ့ကိုပြန်ပေးဆွဲလာပါတယ်လို့ဖြေရမှာလား။ သူလည်းသိမှာပဲဟာကို
ရှေ့နေလို့ဖြေလိုက်ရမလား။ မဟုတ်သေးပါဘူး…တကယ်ပဲဘာမေးချင်တာလဲကွာ"
နေမခ အတွေးတွေရှုပ်ရှက်ခက်နေတုန်း…David အဖေက pistolသေနတ်အား သူ့ကိုကမ်းပေးလာတာကြောင့် နေမခ လှန့်ကာနောက်တစ်လှမ်းဆုတ်လိုက်မိသည်..။

"ဒါကိုယူထား… "

နေမခခေါင်းခါရင်း
"ကျွန်တော်က အဲဒါနဲ့ဘာလုပ်ရမှာလည်း"

"Davidကို ပစ်ဖို့ ဒါနဲ့သူ့ကိုပစ်သတ်နိုင်ရင်…မင်းရဲ့နိုင်ငံဆီအေးအေးဆေးဆေးပြန်ပို့ပေးမယ်"

ထမင်းစားရေသောက်သလိုပုံမှန်ပြောနေသည့်ထိုလူအားကြည့်ပြီး နေမခ အလွန်ပင်အံ့သြသွားသည်…။
"ကျွန်တော်က ဘာလို့David ကိုပစ်ရမှာလဲ …"

" မင်းသူ့အနားမနေချင်ဘူး သူ့ကိုမုန်းတယ်မလား။ သူ့ကိုသတ်လိုက်ရင်အားလုံးပြီးပြီလေ"

နေမခ ထိတ်လန့်စွာကြည့်ရင်း
"လူကြီးမင်းက Davidအဖေမဟုတ်ဘူးလား။ ဘာလို့အခုလိုတွေပြောနေရတာလဲ"

"မေးတာပဲဖြေ… David လက်ကလွတ်ချင်လား"

နေမခ နေရခက်စွာ စုပ်သတ်ရင်း
"ကျစ်.. လွတ်ချင်တယ်။ ဒါပေမဲ့ ဒါကြီးကတော့အဓိပ္ပါယ်မရှိဘူး။ ဘာလို့သူ့ကိုသတ်ရမှာလဲ"

"သူ့ကိုမုန်းတယ်မလား"

"မကြည်တဲ့အချက်တွေတော့ရှိပေမဲ့…မမုန်းဘူး"

"အဲဒါဆို သူ့ကိုချစ်လား…"

"ဟင်…"ထိုမေးခွန်းကြောင့် နေမခ ကြောင်အသွားရပြန်သည်…။ စိတ်ထဲကနေလည်း
"David နဲ့သားအဖ ပါလို့ရိုက်စစ်စရာကိုမလိုတာ မေးတဲ့မေးခွန်းတွေကအစ ေကြာင်တောင်တောင်နဲ့ သူတို့ရောက်ချင်တဲ့နေရာတွေရောက်ရောက်သွားတယ်"ဟုတွေးလိုက်သည်။

( My Lovely Mafia )Mafia ရဲ့အကြင်နာကြမ်းကြမ်း Season 1+2🖤Where stories live. Discover now