Uni...
မာဖီးယားရဲ့ အကြင်နာကြမ်းကြမ်း (My Lovely Mafia) အပိုင်း ၂၅
ဦးမိုးထက်ကောင်းသည် သူ့သားလမ်းလျှောက်လာပုံ ကိုကြည့်ပြီးသိလိုက်ပါပြီ ပုံမှန်မဟုတ်နေ။
မိုးထက်မြင့်လည်း အတက်နိုင်ဆုံး အဆင်ပြေအောင်လမ်းလျှောက်ပေမဲ့ နာကျင်မှုအချို့
ကြောင့်သိပ်အဆင်မပြေ
ဦးမိုးထက်ကောင်း ခေတ်အားတစ်ခုခုပြောချင်ပေမဲ့ သူ့အပြစ်နဲ့သူမို့ အသာလေးပါးစပ်ပိတ်ထားရသည်။
ခေတ်မင်းသစ် ကလည်းတစ်လုံးမှမပြောသဖြင့် မိုးထက်ကပဲစလိုက်ရသည်...။" ဖေဖေ့ မနက်စာစားပြီးပြီလား ကျွန်တော်
နဲ့ကိုခေတ်က မစားရသေးဘူး ဖေဖေက ဖုန်းတွေအများကြီးခေါ်ထားလို့ အရင်လာခဲ့တာ "" အေအေ မစားရသေးရင်လည်း မနက်စာ အရင်စားကြလေ ဖေဖေလည်း
မောင်ခေတ်မင်းသစ်ကိုမေးစရာရှိနေတာ စားရင်နဲ့ပြောကြတာပေါ့.. "ထမင်းစားပွဲဝိုင်းတွင် ဦးမိုးထက်ကောင်း ကစကားအရင်စလာသည်။
" ဟိုကိစ္စနဲ့ပတ်သတ်ပြီး ဘာထူးသေးလဲ
အန်ကယ့်သား လုံခြုံရေးအတွက်ရော ပြင်ဆင်ထားရဲ့လား။ အန်ကယ့် အိမ်ထဲမှာမိုးထက် ရှိနေရင်စိတ်ချပေမဲ့ မင်းဆီရောက်နေရင်တော့ စိတ်မချနိုင်တော့ဘူး။ အဲတော့ အဲကိစ္စတွေမဖြေရှင်းမပြီးမချင်း မိုးထက်နဲ့ မတွေ့တာပိုမကောင်းဘူးလား"" ဖေဖေ့... " မိုးထက်တစ်ခုခုပြောဖို့ပြင်လိုက်ပေမဲ့ ခေတ်မိုးထက်လက်တွေကိုဆုပ်ကိုင်လိုက်ကာ ဆက်မပြောရန် သတိပေးလိုက်သည်။
" အန်ကယ်အနေနဲ့ မိုးထက်အတွက်စိတ်ပူပေးတာဖြစ်သင့်ပါတယ်။ ဒါပေမဲ့ အန်ကယ်ဆီမှာထက် ကျွန်တော့်ဆီမှာက ပိုပြီးစိတ်ချရတာပါ အနီးကပ် သေချာစောင့်ရှောက်လို့ရတယ်။ ကျွန်တော်အကုန်လုံး သေသေချာချာ စီစစ်ပြင်ဆင်ထားပြီးသားပါ.. ..အခုလာတာကလည်း အဲအတွက်ပါခွင့်တောင်းမလို့ပါ ဒီနေ့ကစပြီး မိုးထက်ကို ကျွန်တော် နဲ့ပဲခေါ်ထားလိုက်ပါ့မယ်"
" ဘာ...."
ခေတ်မင်းသစ်က ခန္ဓာကိုယ်ကိုပိုမိုမတ်လိုက်ရင်း ဆက်ပြောသည်။
" အစကတော့ မခေါ်ထားသေးဖို့ စဥ်းစားထားတာပါ။ ဒါပေမဲ့ မိုးထက် ကျွန်တော့်နားမှာမရှိရင် စိတ်လေးနေတယ်။ အနီးကပ်ခေါ်ထားမှ ဖြစ်မှာမို့ပါ။
ဟိုဖက်ကလည်း ဘယ်လိုလှုပ်ရှားလာမလဲ မသိနိုင်ဘူး။ မိုးထက်ကိုလတ်တလော ကျွန်တော့်အနားမှာပဲထားဖို့ခွင့်ပြုပေးစေချင်ပါတယ် "
ESTÁS LEYENDO
( My Lovely Mafia )Mafia ရဲ့အကြင်နာကြမ်းကြမ်း Season 1+2🖤
RomanceSeason 1 (Completed 1 to 41) Season 2 ( Completed 1 to 31) ခေတ်မင်းသစ်(King)+မိုးထက်မြင့် David Sivan + နေမခ