Uni...
Season 2( ဇာတ်သိမ်းပိုင်း 3) Final❤️🖤❤️
နေမခ ညနေဘက်ပြင်ဆင်စရာရှိတာပြင်ဆင်ပြီး ကာရံဟိန်းဆီသွားဖို့လုပ်သည်။ပြီးတော့ တမင်တကာDavid ကိုသွားပြောသည်။
" David ကျွန်တော် … ဟိန်းဆီသွားလိုက်အုံးမယ်နော်"
" ဘာလို့ခဏခဏသွားနေရတာလဲ"
David မှာအတိတ်မေ့နေပေမဲ့ နေမခပါးစပ်ကဟိန်းဆိုသည့်အသံကြားတိုင်းစိတ်ထဲဘ၀င်မကျနိုင်သေး။" သူလည်းပျင်းနေမှာပေါ့ ကျွန်တော့်ကိုလည်း David ကဘာမှမခိုင်းတော့အားနေတာလေ အဲတော့သူ့ဆီသွားလည်မှာ"
" မေ့နေတာက ကိုယ့်ညီနော် ကိုယ်တောင်မင်းလောက်အဲကိုမသွားဘူး"
" David ဘာသာမသွားတာလေ ။ "
"ကိုယ်အရမ်းအားနေတာမြင်လား"
"ဟုတ်ပါတယ်David ကအလုပ်တွေနဲ့ကို အားနေတဲ့ကျွန်တော်ပဲသွားလိုက်ပါ့မယ်။ ဟိန်းနဲ့စကားဘာညာသွားပြောလိုက်အုံးမယ်"နေမခလည်းနည်းနည်းရွဲ့ကာပြန်ပြောလိုက်သည်။
" သွားပြီနော်bye bye"" နေအုံး Kingပြောတာ သူကအရင်ကမင်းရဲ့crushဆို"
" ဟုတ်တယ်David နဲ့မကြိုက်ခင်သူ့ကိုကျွန်တော်တော်တော်ကြိုက်ခဲ့သေးတာ"
" ဘာ…တကယ်ပေါ့"
နေမခက ခပ်ပေါ့ပေါ့ပင်ပြန်ဖြေလိုက်သည်။
" အတိတ်တွေပါ အတိတ်မှာမနစ်မွန်းရဘူးလို့David ပြောထားတယ်လေ။နောက်ကျနေပြီသွားတော့မယ်"ထိုအခါမှ David ကမတ်တပ်ထလာကာ
" ကိုယ်လည်းမရောက်တာနည်းနည်းကြာပြီဆိုတော့ ဒီနေ့လိုက်ခဲ့လိုက်မယ်"" မလိုက်ပါနဲ့…။ နောက်မှသပ်သပ်သွားပါ။ David ကကျွန်တော့်ကိုအမြင်သိပ်ကြည်တာလည်းမဟုတ်ဘူး ။ ကားပေါ်မှာတင်အသတ်ခံနေရအုံးမယ်ကိုယ့်ဘာသာသွားလိုက်မယ်"ဟုပြန်ပြောပြီးမြန်မြန်ထွက်ခဲ့တော့သည်။တမင်တကာ David စိတ်ထဲဘ၀င်မကျအောင်လုပ်ထားခဲ့တာဖြစ်သည်။
David လည်းနေမထိထိုင်မသာဖြင့်ကျန်နေခဲ့ပြီး ခဏကြာတော့မနေနိုင်တာကြောင့် သူပါလိုက်လာခဲ့တော့သည်။
…..
" ဟိန်း… "
" ရောက်လာပြန်ပြီလား ခဏခဏလာမကြည့်လဲရပါတယ်"
YOU ARE READING
( My Lovely Mafia )Mafia ရဲ့အကြင်နာကြမ်းကြမ်း Season 1+2🖤
RomanceSeason 1 (Completed 1 to 41) Season 2 ( Completed 1 to 31) ခေတ်မင်းသစ်(King)+မိုးထက်မြင့် David Sivan + နေမခ