Season 2 (အပိုင်း ၆)🖤❤🖤

19.8K 1.2K 66
                                    

Uni

Season 2 (Part 6)

" hello နေမခ..."

" မိုးထက်..."
နေမခ မိုးထက်နဲ့ဖုန်းဆက်ရ၍ အပျော်ကြီး ပျော်သွားသည်။
" မင်းနဲ့ ဖုန်း​ပြောရတာ ပျော်လိုက်တာ... ငါ့ကို သူ့ဆီကနေ လာခေါ်ပေးလို့ရမလားဟင်"

" နေမခ...ဟိုလေ...ငါ ငါလည်း မလုပ်နိုင်ဘူးထင်တယ်။ ကိုခေတ်ကိုပြောတော့လည်း မင်းDavid နဲ့နေတာ အသင့်တော်ဆုံးပဲတဲ့...အချိန်ခဏလောက်တော့ သူ့ဆီမှာ နေရမယ်ထင်တယ်"
မိုးထက် အားနာသည့် လေသံဖြင့် ပြန်​ပြောလိုက်သည်။

" ကျစ်ကွာ... မင်းရဲ့ ကိုခေတ်က သူနဲ့ သူငယ်ချင်းလေ သူ့ဘက်ပဲ ပါမှာပေါ့။ ပြီးတော့လည်း ငါ့အတွက် အကြီးမားဆုံး အန္တရာယ် က David ပဲ....သူ့ပဲ ကြောက်ရတာ...သိရဲ့လား "
နေမခ စိတ်ပျက်သည့်လေသံနှင့်ပြန်​ပြောလိုက်သည်။

" မင်း ကာရံဟိန်းကိုတော့ အဆင်ပြေတယ် ပြောထားတာမလား..."

"အင်း... David စုတ်က ငါ့ကိုခြိမ်းခြောက်ထားတာ...ပြီးတော့ ဟိန်းသိပြီး တစ်ခုခုလုပ်ရင် အန္တရာယ် ဖြစ်မှာစိုးလို့"

" သတင်းမှာတောင် တွေ့လိုက်သေးတယ်။ David က မင်းကို လက်ထပ်ဖို့အထိရည်ရွယ်ထားပုံပဲမင်း သူ့ကိုနည်းနည်းမှ မချစ်ဘူးလား"

နေမခ ခဏမျှ တိတ်ဆိတ်သွားပြီး
" မချစ်ဘူး ထင်တာပဲ... ငါသူ့ကိုမချစ်ချင်ဘူးကွာ။ ငါ...ငါ...ကျစ်မသိတော့ဘူး....တစ်ယောက်ထဲ အေးအေးဆေးဆေးပဲနေချင်တယ်"

" နေမခ ငါမင်းကိုအခုမကူညီနိုင်သေးတာ တကယ်တောင်းပန်ပါတယ်။ ဒါပေမဲ့မင်းကိုပြန်ပေးဆွဲတဲ့သူ ဘယ်သူဆိုတာပေါ်သွားတဲ့အခါ မင်းအဲအချိန်ထိ သူ့ကိုမချစ်သေးဘူးဆိုရင် ဘာကိစ္စပဲဖြစ်ဖြစ်မင်းကိုရအောင် ကူညီပေးမယ်
မင်းစိတ်လိုက်မာန်ပါတွေ လျှောက်မလုပ်နဲ့ "
မိုးထက် ဖျောင်းဖျကာ ပြောတော့

" အခုအဲလိုမလုပ်လို့လဲ မရဘူးနဲ့တူပါတယ်။ ဒီအတိုင်းပဲ ဆက်နေရအုံးမှာပေါ့"

"ပြီးတော့ အရမ်းလည်း စိတ်မပူနေနဲ့ နော်။
အဲအဖွဲ့ က ဘာမှသိပ်မကြီးဘူးတဲ့ David တို့အတွက်ဆို ပမွှားလောက်ပဲရှိမှာ.."

( My Lovely Mafia )Mafia ရဲ့အကြင်နာကြမ်းကြမ်း Season 1+2🖤Where stories live. Discover now