Uni...
မာဖီးယားရဲ့ အကြင်နာကြမ်းကြမ်း(My Lovely Mafia) အပိုင်း ၄၀
ညချမ်း အချိန်ပင် ရောက်၍ကောင်းကင်ထက်၌ လနဲ့ကြယ်များပင် လင်းလက်တောက်ပနေလေသည်။
စက်ရိပ်က လည်းဆွဲလက်စပုံကို အဆုံးသတ်လို့ ပြီးစီးသွားသည်...။
စက်ရိပ် ပန်းချီ ကိရိယာများနဲ့အတူ ဝရံတာဘက်တွင် ထိုင်ပြီး ပုံဆွဲနေခဲ့တာဖြစ်သည်။ပုံထဲ၌ Lucifer ရော သူရောရှိနေပြီး...တစ်ယောက်နဲ့တစ်ယောက် မျက်နှာချင်းဆိုင် ရပ်ကာကြည့်နေကြတာဖြစ်သည်။ Lucifer ဘက်ခြမ်းတွင်တော့ ညဘက်ပုံစံဆွဲထားပြီး
စက်ရိပ်ဘက်တွင်တော့ နေ့ခင်းဘက်ဖြစ်နေသည်။Lucifer ကစက်ရိပ်နားလျောက်လာရင်း... ဘောင်းဘီ အိတ်ကပ်ထဲ လက်ထည့်ထားကာ ထိုပုံကိုေသချာစူးစိုက်ကြည့်လေသည်။
" ဒါက ဘာအဓိပ္ပါယ်လဲ " ဟုLucifer မေးတော့
စက်ရိပ်က တစ်ချက်ရယ်လိုက်ပြီး
" ဘာ အဓိပ္ပါယ်မှမရှိပါဘူး ဒီတိုင်းပဲစိတ်ကူးထဲပေါ်တာ လျောက်ဆွဲတာ..ဒီလို နေ့နဲ့ည တွဲဆွဲရတာကိုကြိုက်လို့"" စက်ရိပ်... " Lucifer ကဖြေးညှင်းစွာခေါ်တော့
" အင်း ပြောလေ" စက်ရိပ် မက်တပ်ထလိုက်ကာ လကိုမော့ကြည့်ရင်း ပြန်ဖြေသည်။
Lucifer စက်ရိပ်ခါးတွေကို နောက်ကနေသွားဖက်လိုက်ကာ ခန္ဓာကိုယ် ချင်းပူးကပ်စေလိုက်ပြီး
" ကိုယ့်ကို မုန်းနေသေးလား..."စက်ရိပ် မဆိုင်းမတွပင်ပြန်ဖြေသည်။
" မုန်းတယ်... ခင်ဗျား ကအတ္တကြီးတယ်၊တစ်ယူသန်တယ်၊ မဟုတ်တဲ့လမ်းကိုမှသွားချင်တယ် အဲအကျင့်တွေကို အရမ်းမုန်းတယ်... "Lucifer သက်ပျင်းချလိုက်ပြီး
" ကိုယ်လေ...တစ်ခါမှကိုယ့်လုပ်ရက်ကိုယ် မှားတယ်လို့မထင်ခဲ့ဖူးဘူး ။ မင်းနဲ့မတွေ့ခင်အထိပေါ့"စက်ရိပ် Lucifer ဘက်လှည့်လိုက်ပြီး
" မှားနေမှန်း သိရင် ပြင်လို့ရပါတယ်ဗျာ။မနက်ဖြန် King နဲ့မတွေ့နဲ့တော့နော် အတိတ်ကကိစ္စတွေကိုမေ့လိုက်ပါတော့။ မဆိုင်တဲ့သူတွေအချင်းချင်းမထိခိုက်ကြရအောင်လေ...။
ခင်ဗျားသာKing နဲ့ပြဿနာ မဖြစ်တော့ဘူးဆို ကျွန်တော့်ကို ခင်ဗျား တစ်သက်လုံး ဖမ်းထားမယ်ဆိုရင်တောင်ရတယ်။ကျွန်တော် စိတ်မဆိုးဘူး။ ခင်ဗျား ကိုလည်းမမုန်းတော့ဘူးလေဟင်...မရဘူးလား"
YOU ARE READING
( My Lovely Mafia )Mafia ရဲ့အကြင်နာကြမ်းကြမ်း Season 1+2🖤
RomanceSeason 1 (Completed 1 to 41) Season 2 ( Completed 1 to 31) ခေတ်မင်းသစ်(King)+မိုးထက်မြင့် David Sivan + နေမခ