Uni...
Season 2( Part 22)
"ဘာလို့လဲ…အစီအစဥ်ထဲမှာဒါမပါဘူးလေ"
" မပါဘူး အဲတော့မကျေနပ်ဘူးလား။David ကအဲကောင်ကိုငါတို့ခေါ်လာတာသိသွားပြီ ပြန်ပေးဖို့ပြောထားတယ်။ တကယ်လို့မပေးရင် ဘာဖြစ်မလဲသိတဲ့အတိုင်း…"
"ခဏလေး စောင့်လို့မရဘူးလား…"
"ဘာလည်း မင်းရဲ့အမေကိုယုံပြီး ခေါင်းဆောင်ဘယ်တော့မှ ေသမလဲစောင့်နေရမှာလား။ ထပ်မစောင့်နိုင်တော့ဘူး။ ကာရံဟိန်းကို ပြန်ပေးမယ်"
Leon စိတ်ရှုပ်စွာ ခေါင်းခါရင်း
"တကယ်ကြီးဒီတိုင်းလွယ်လွယ်ကူကူပြန်ပေးမလို့လား။ အဲ့ဒါဆိုနေမခနဲ့ကိစ္စဘယ်လိုလုပ်ရမှာလည်း ""သူကအရမ်းလိုချင်နေမှတော့ ကာရံဟိန်းဆိုတဲ့ကောင်ဆီမှာဗုံးတပ်ပြီး ပြန်ပေးရမှာပေါ့"
ဗုံးဆိုသည့်စကားကြောင့် Leon အံ့သြသွားရသည်။
"ဘာ…မင်းဘာပြောလိုက်တာလည်း သူ့ကိုသတ်ပစ်မလို့လား…"Carloက မဲ့ပြုံးပြုံးရင်း
"ဘာလဲ သတ်လို့မရဘူးလား…"" ဟုတ်ပြီ အဲလိုလုပ်မယ်ပဲထား မင်းတို့ဘက်ကစပြီးDavid တို့ကိုစစ်ကြေငြာသလိုဖြစ်သွားပြီလေ နောက်ဆက်တွဲကိုရောစဥ်းစားပြီးပြီလား"
Leon သူအသည်းအသန်ငြင်းလျှင် Carloပိုရွဲ့မည်ဆိုး၍ ထိန်းပြောရသည်။"စဥ်းစားတာပေါ့ ဒီတစ်လျောက်လုံးအကြာကြီးစဥ်းစားခဲ့ပြီးပြီ…ခေါင်းဆောင်က ဘယ်အချိန်သေမယ်သေချာသိတာမဟုတ်ဘူး။ စောင့်နေရင်ပိုအချိန်ကြာတာပဲရှိတော့မယ်"
Carloနဲ့ပြောအပြီးLeon စိတ်ပျက်လက်ပျက်ဖြင့် ပြန်လာခဲ့သည်…။
သူ့အနေနဲ့ဘာလုပ်ရမယ်မှန်းမသိတော့ သူ့အမေသာDavid အဖေကိုအမြန်သေအောင်မလုပ်နိုင်ခဲ့လျှင်
Carloက ကာရံဟိန်းအားတစ်စစီဖြစ်စေမည့် ဗုံးကိုတပ်ပေးပြီးDavid တို့ဆီပြန်ပေးတော့မှာဖြစ်သည်။
Leon စိတ်တိုတိုဖြင့်မာကျောနေသည့် နံရံတွေပေါ်လက်သီးဖြင့်ထိုးပြီးဒေါသတွေပုံချလိုက်သည်။"f>ck"
…..
David ဝရံတာဘက်တွင်ထွက်ပြီး Kingနဲ့ဖုန်းပြောနေသည်။
ŞİMDİ OKUDUĞUN
( My Lovely Mafia )Mafia ရဲ့အကြင်နာကြမ်းကြမ်း Season 1+2🖤
RomantizmSeason 1 (Completed 1 to 41) Season 2 ( Completed 1 to 31) ခေတ်မင်းသစ်(King)+မိုးထက်မြင့် David Sivan + နေမခ