Part 24

46.5K 2.2K 34
                                    

Uni...

မာဖီးယားရဲ့ အကြင်နာကြမ်းကြမ်း(My Lovely Mafia)အပိုင်း ၂၄

နောက်တစ်နေ့ မနက် မိုးထက်နိုးလာချိန်တွင် သူအား ပြုံးပြုံးကြီး စိုက်ကြည့်နေသည့်
ခေတ် ကိုတွေ့တာကြောင့် ရှက်ရှက်ရမ်းရမ်းပြီး မိုးထက်ပြောလိုက်သည်က

" ဘာလာကြည့်နေတာလဲ..."

" ဘာလို့လဲ ကိုယ့်ချစ်သူကို ကြည့်လို့မရဘူးလား"

"  မရဘူး..." ဟုပြောရင်း မိုးထက်စောင်ထဲခေါင်းဝင်လိုက်ပြန်သည်။

ခေတ်မချိုမချဥ်ပြုံးလိုက်ရင်း စောင်ကိုပြန်ဆွဲချသည်။
" ညတုန်းကတော့ မရဘူးဆိုတဲ့အသံ တစ်ခွန်းမှမထွက်ဘူးနော်။ ကိုယ်က ထက်ရဲ့လုပ်ဆောင်ချက်တွေ အဲ့လောက်ကောင်းလိမ့်မယ်လို့ မထင်ထားမိဘူး။ မနေ့ညကတကယ်ကောင်းတာ"ကောင်းတာ ဆိုသည့် နေရာတွင် ခေတ်သေသေချာချာဖိပြောလိုက်ပြီး မိုးထက်ပါးကလေးကို ရွှတ်ခနဲလည်း နမ်းလိုက်သေးသည်။

မိုးထက် လည်းကြောင်လေးတစ်ကောင်လို ခေတ်အားပြန်တွန်းထုတ်ရင်း
" ဘာကိုကောင်းရမှာလည်း ရူးနေလား...."

" ကောင်းမကောင်း မမှတ်မိတော့ရင်...
အခု တစ်ချီလောက်ထပ်လုပ်ကြမလား" ခေတ် လူယုတ်မာအပြုံးလေးဆင်မြန်းရင်ပြောလိုက်တော့

မိုးထက် ခေတ်ရင်ဘတ်အား လက်သီးဖြင့် ထိုးလိုက်ပြီး
ပါးစပ်ကလည်း " fuck " ဟုဆဲလိုက်သေးသည်။

မိုးထက် သူ့ဖုန်းကို လှမ်းယူပြီး ကြည့်လိုက်တော့
သူ့ခမည်းတော်ဆီက Missed call ပေါင်း
တစ်ရာကျော်ကို တွေ့ပြီး မိုးထက် လန့်ကာ ထထိုင်လိုက်သည်။

" အာ့......"
ရုတ်တရက် ထလိုက်တာကြောင့် အနောက်တစ်နေရာဆီကနာကျင်မှုက စူးခနဲ ဖြစ်သွားသည်။

ခေတ်လည်း ထလိုက်ပြီး
" baby အဆင်ပြေရဲ့လား"

" မပြေတော့ ဘာလုပ်ပေးနိုင်လို့လဲ " မိုးထက် မျက်စောင်းလေးထိုးရင်ပြောလိုက်သည်။

" ရေချိုးပြီး အိမ်အမြန်ပြန်ရမယ် ဖေဖေ ဖုန်းခေါ်ထားတာ အများကြီးပဲ "

" အတူတူ ချိုးရအောင်"

" မရပါဘူး အတူချိုးရင် ကျွန်တော် အိမ်တောင်ပြန်ရောက်တော့မှာမဟုတ်ဘူး " ဆိုကာ မိုးထက်ရေချိုးခန်းထဲထသွားဖို့ပြင်တယ်.. ခေတ်က ကုတင်ပေါ်ထိုင်ကာ....
မတ်တပ်ရပ်နေသောမိုးထက်၏ ခါးကိုတင်းကျပ်နေအောင် ဖက်ထားပြီး အလွတ်မပေးပေ

( My Lovely Mafia )Mafia ရဲ့အကြင်နာကြမ်းကြမ်း Season 1+2🖤Hikayelerin yaşadığı yer. Şimdi keşfedin