Uni...
မာဖီးယားရဲ့ အကြင်နာကြမ်းကြမ်း(My Lovely Mafia) အပိုင်း ၃၀
စက်ရိပ်မှာ လက်ထိပ်နဲ့သံကြိုးခတ်ခံထားရပြီးကတည်းက …. ထမင်းကောင်းကောင်းမစားတော့ပေ။
အခုဆိုနှစ်ရက်ရှိသွားပြီးမို့ Lucifer ကိုယ်တိုင်လာကြည့်ရလေပြီ။
Lucifer စက်ရိပ်အား သွားကြည့်ရမည်ကို ကြောက်နေမိသည်။အကြောင်းအရင်းကား သူဖြင့်ဘာမှကြမ်းကြမ်းတမ်းတမ်းမလုပ်ရသေး ဟိုကမျက်ရည်တွေထွက်လာပြီဖြစ်သည်။ ခေါင်းမာပြီး အကြည့်တွေကလည်း စူးရှသည်။
ထို ကလေးလိုလို ခွေးလိုလို ကောင်လေးအား သူတကယ်စိတ်ပျက်နေပြီဖြစ်သည်။
ထမင်းမစားဘူးဆို၍ Lucifer လည်းမသွားချင်သွားချင်နဲ့ စက်ရိပ်ဆီသွားဖြဲခြောက်ရအုံးမည်။ ခေတ်နဲ့ ပြောထားသည့်အချိန်မပြည့်ခင် စက်ရိပ်ကောင်းကောင်းမွန်မွန်ရှိနေဖို့ လိုသည်လေ။Lucifer တံခါးဖွင့်လိုက်သည်နဲ့ ကုတင်ပေါ်တွင် လှဲနေသည့်ကောင်လေးအား တွေ့လိုက်ရသည်။
စက်ရိပ်နား လျှောက်သွားလိုက်တော့ စက်ရိပ်မျက်လုံးမှ မျက်ရည်တွေ စီးကျနေပြီး…ခေါင်းအုံးပင် စိုရွဲနေပြီ ဖြစ်သည်။
Lucifer ထိုပုံကိုကြည့်ပြီး စိတ်ပျက်သထက် စိတ်ပျက်သွားလေသည်။“ မင်း ဦးနှောက်ထဲမှာ မျက်ရည် ဘယ်လိုညစ်ထုတ်ရမလဲပဲ စဥ်းစားနေတာလား” Lucifer လေသံမာမာဖြင့် မေးလိုက်သည်။ သို့ပေမဲ့ စက်ရိပ်ကသူ့အားအဖက်မလုပ်
“ ထ..” Lucifer စက်ရိပ် ပုခုံးအား ဆွဲလှုပ်လိုက်သည်.။
စက်ရိပ်က သူလက်အားပြန်ပုတ်ချတာကြောင့်“ ဟေ့ မင်းဘာဖြစ်ချင်နေတာလဲ “
ဒီတစ်ကြိမ်တွင်တော့ စက်ရိပ် ကုတင်ပေါ်မှာ ဝုန်းခနဲထထိုင်လိုက်ပြီး
ပြန်ခံပြောသည်။
“ ခင်ဗျား ပြောကြည့် ဘာဖြစ်ချင်နေလဲဆိုတာပြန်ပေးဆွဲခံရတယ်။ ပြီးတော့တိရစ္ဆာန်လို သံကြိုးခတ်ခံထားရတယ်။ အစားကိုလည်း ပုံမှန်လာမကျွေးဘူး။ အဲတော့ ကျွန်တော်ဘာဖြစ်ချင်နေမယ်ထင်လဲ.. ““ မင်းကိုလာကျွေးသားပဲ မင်းဘာသာမစားတာလေ” Lucifer စိတ်မရှည်သလို ထပ်ပြောသည်။
“ သူတို့လာကျွေးတဲ့အချိန် ကျွန်တော်အဆာလွန်နေပြီလေ။
ကျွန်တော်က ကျွန်တော်ဆာတဲ့အချိန်မှာစားလိုက်ရမှ မဟုတ်ရင် လုံးဝမစားဘူးဗျ သေချင်သေပါစေ”
YOU ARE READING
( My Lovely Mafia )Mafia ရဲ့အကြင်နာကြမ်းကြမ်း Season 1+2🖤
RomanceSeason 1 (Completed 1 to 41) Season 2 ( Completed 1 to 31) ခေတ်မင်းသစ်(King)+မိုးထက်မြင့် David Sivan + နေမခ