Part 31

32.3K 2.1K 88
                                    

Uni...

မာဖီးယားရဲ့အကြင်နာကြမ်းကြမ်း(My Lovely Mafia)အပိုင်း ၃၁

မိုးထက် ကုတင်ပေါ်မှာ ခေါင်းအုံးကိုနောက်မှီထားရင်း ခေတ်နဲ့ ဖုန်းပြောနေသည်။
“ ကိုခေတ် အဲမှာ အဆင်ပြေရဲ့လား…”

“ ပြေပါတယ်ကွာBaby အရမ်းစိတ်မပူနေပါနဲ့ ထမင်းရောစားပြီးပြီလား ။“

“ စားထားပါတယ်။ကိုခေတ်တစ်ခုခုဆို ကျွန်တော့်ကိုပြောနော် ဖုံးမထားပါနဲ့”

ခေတ်ပြုံးလိုက်ပြီး
“ ဟုတ်ကဲ့ပါဗျာ…အရမ်းစိတ်မပူနေပါနဲ့ ။ကိုယ် ထက်ကိုဘာမှလျို့ဝှက်မထားတော့ပါဘူး “

“ စက်ရိပ်ရော ဘယ်လိုလဲ တစ်ခုခုသိရသေးလား”

“ မနက်ဖြန် ဖုန်းပြောဖြစ်မယ် “

“ ကျွန်တော့်ကို ပြန်ပြောပြနော်”

“ ထမင်းလည်း သေချာစားအုံး ကိုယ်ပြန်လာရင် ပိန်နေတာ မမြင်ချင်ဘူးနော်…”

မိုးထက်ကလည်း ပြန်ပြောလာသည် ။
“ ကိုခေတ်လည်း အစားကိုသေချာပုံမှန်စား ကျွန်တော်ကိုပဲပြောမနေနဲ့”

“ ကိုယ်မင်းကိုအရမ်းလွမ်းတယ်” ထိုစကားလုံးမှာ လေးနက်ပြီး လွမ်းဆွတ်မှုတွေအပြည့်

မိုးထက် ဖုန်းscreen မှာပေါ်နေတဲ့ ခေတ်မျက်နှာလေးကိုလှမ်းနမ်းလိုက်ပြီး
“ ကျွန်တော်ရောပဲအရမ်းလွမ်းတယ်ဗျာ။ ဒီကိစ္စတွေအားလုံး မြန်မြန် အဆင်ပြေပြေနဲ့ ပြီးသွားဖို့ နေ့တိုင်းဘုရားမှာ ဆုတောင်းနေတာ “

ခေတ်နဲ့မိုးထက် တို့မှာ တစ်ယောက်နဲ့အရမ်းဝေးကွာနေကြပေမဲ့ နှလုံးသားချင်းကတော့ အနီးစပ်ဆုံးမှာရှိလို့နေလေသည်။

….

နေမခ အိမ်ရောက်သွားတော့….ဧည့်ခန်းက ဆိုဖာမှာထိုင်နေတဲ့ သူ့အမေနဲ့ ပထွေးဆီကို လျှောက်သွားလိုက်သည်။ ပထွေးမှာ အခြားသူတော့မဟုတ်ပေ သူ့ရဲ့ ဦးလေးအရင်းသာ

“ ကျွန်တော် ပြန်လာပြီ “ ဟုပြောလိုက်ပြီးနောက်
“ ရပြီမလား အိမ်ပေါ်တက်တော့မယ် “ ဟုဆက်ပြောလိုက်သည်။

“ မင်း မြန်မာပြည်ရောက်တာဘယ်လောက်ကြာနေပြီလဲ အဲဒါကို အခုမှအိမ်ပြန်လာရလား”
နေမခ အမေမှာ မကျေမနပ်ဖြင့် ပြောသည်။

( My Lovely Mafia )Mafia ရဲ့အကြင်နာကြမ်းကြမ်း Season 1+2🖤Where stories live. Discover now