Uni...
Season 2 (Part 25)
David..Bloodအဖွဲ့ဝင်တွေနဲ့အစည်းအဝေးလုပ်ပြီးသည့် ထိုညနေခင်းတွင် သူ့အဖေနဲ့စကားပြောဖြစ်ကြသည်။
"Leonကိစ္စ သိပြီးနေပြီမလား"
David သူ့အဖေကိုမေးလိုက်သည်။
" ကျွန်တော့်ဘာသာအကုန်အဆင်ပြေအောင်စီစဥ်ထားပါတယ် ကျေးဇူးပြုပြီး ဒီကိစ္စမှာဝင်မပါပါနဲ့"" ငါနဲ့ဆိုင်နေတဲ့ကိစ္စကို ငါ့ကို၀င်မပါဖို့ပြောတယ်ပေါ့"
သူ့အဖေက တည်တည်ငြိမ်ငြိမ်ဖြင့်ဒေါသမထွက်ပဲပြန်ပြောလာတာကြောင့် David အနည်းငယ်အံ့သြသွားရသည်။ပုံမှန်ဆို သူ့မိန်းမနဲ့ပတ်သတ်ရင် ပွတ်ပွတ်ဆူနေတဲ့ရေနွေးအိုးလိုဒေါသထွက်တက်သည့်လူတစ်ယောက်ကအခုတော့တည်ငြိမ်နေသည်။" အဖေ၀င်ပါပြီးLeonကိုတစ်ခုခုဖြစ်အောင်လုပ်မယ်ဆို အဖေ့မိန်းမနဲ့ ပိုပြီးအဆင်မပြေဖြစ်လာလိမ့်မယ်"
"ရှေ့လျှောက်လည်း အဆင်ပြေစရာကိစ္စတွေကရှိလာအုံးမှာမို့လို့လား "
"အဆိပ်ကိစ္စကရော အစောကြီးကတည်းကသိနေတာလား"
David အဖေကအသက်မဲ့စွာပြုံးရင်ဆက်ပြောသည်။
" ငါ့ဘ၀တစ်လျှောက်လုံး သူတစ်ယောက်ထဲကိုပဲချစ်ခင်မြတ်နိုးယုယစွာချစ်လာခဲ့တာ … ။
အဆိပ်တွေခတ်ထားတဲ့ coffeeကိုယူလာတိုင်း သူ့မျက်နှာလေးကမကောင်းဘူးလေ …။တုန်တုန်ရီရီနဲ့ပေးပြီးရင်ပြန်ထွက်သွားတယ် ။အရူးမလေးက ငါသောက်လားမသောက်လားတောင်မကြည့်သွားဘူး။ငါ့ကိုသေစေချင်နေပေမဲ့ တကယ်ကျမသတ်ရက်ပြန်ဘူး။ ဒီတစ်သက်သူ့အချစ်ကိုမရနိုင်ပေမဲ့ နည်းနည်းဖြစ်ဖြစ်သံယောဇဥ်ရှိနေတာလေးနဲ့ ငါကျေနပ်ရတော့မယ်။ ငါတို့ဇာတ်လမ်းဒီမှာပြီးပြီ ""ပြီးပြီ ဘာကိုပြောချင်တာလဲ"David နားမလည်တာကြောင့်ထပ်မေးရသည်။
" သူသွားချင်တဲ့နေရာကို သွားခွင့်ပေးလိုက်တော့မယ်။ ဒီနှစ်တွေထဲမှာ အမြဲ
စဥ်းစားနေခဲ့တာ အဖြေကိုသိပေမဲ့လည်း ဆန့်ကျင်ဘက်ကိုသွားနေမိတုန်း…။ ငါ့ဘ၀တစ်လျှောက်လုံးလက်တွေ့ကျကျဖြတ်သန်းခဲ့ရပေမဲ့ တစ်ခုတည်းသောစိတ်ကူးယဥ်မိတာရှိတယ်။
ငါနဲ့သူနဲ့ အဆုံးသတ်က Beauty and the Beast လိုဖြစ်လိမ့်မယ်လို့…။
ဒါပေမဲ့ ငါကThe Beast လောက်တောင်ကံမကောင်းပါဘူး။ အစက ဘယ်လိုဖြစ်ဖြစ်သူငါ့နားမှာရှိရင်ရပြီလို့တွေးခဲ့တာ။ ငါပျော်ဖို့အတွက်ပေါ့..ဒါပေမဲ့ သူကပျော်မနေဘူး။
တကယ်လို့ ငါသာလက်လွှတ်ပေးလိုက်မယ်ဆိုရင် သူပျော်ရွှင်ရတော့မှာ"
VOCÊ ESTÁ LENDO
( My Lovely Mafia )Mafia ရဲ့အကြင်နာကြမ်းကြမ်း Season 1+2🖤
RomanceSeason 1 (Completed 1 to 41) Season 2 ( Completed 1 to 31) ခေတ်မင်းသစ်(King)+မိုးထက်မြင့် David Sivan + နေမခ