Season 2(Part 26)❤️🖤❤️

15.6K 1.1K 162
                                    

Uni..

Season 2 (Part 26)

Leon ကားစက်နှိုးပြီးထွက်မယ်အလုပ် David တို့ကားတွေကရောက်လာသည်။

Leonတို့အပါအ၀င် နေမခသည်လည်းလန့်သွားရသည်။
"David... ဘယ်လိုဖြစ်ပြီး"

David ကားပေါ်ကဆင်းတာနဲ့ Leonတို့ကိုတစ်ချက်ငဲ့စောင်းကြည့်ပြီး နေမခဆီသွားလိုက်သည်။

" ခ..."

" David ကျွန်တော်"
နေမခ တုန်တုန်ရီရီဖြင့်ဘာပြောရမှန်းမသိခင် David ကနေမခကိုသူ့ဘက်ဆွဲလိုက်ကာ ကာရံဟိန်းနဲ့ခွာစေလိုက်သည်။

" အမြဲတွေ့လိုက်တိုင်းပူးကပ်နေတော့တာပဲကွာ..."

Leon တို့ကလည်းကားမောင်းပြီးထွက်သွားလို့မရ...David လူတွေ၏ကားတွေက ပိတ်ရပ်ထားကြတာကြောင့် Leon သေနတ်ကိုကျစ်ကျစ်ပါအောင်စုပ်ကိုင်ထားမိသည်။

Venက မှန်တံခါးကိုခေါက်ရင်း
" ခဏ ​ေလာက်ဆင်းခဲ့ကြပါလား။ David ကပြောစရာတွေရှိေနတယ် "

" ဘာကြောက်နေတာလဲ။ ထွက်ခဲ့ပါပြောစရာရှိတာတွေတော့ပြောရမယ်လေ။
Momလည်းဆင်းခဲ့ပါ အဖေပေးခိုင်းထားတဲ့ပစ္စည်းရှိတယ်"
ဟု David လှမ်းပြောလိုက်သည်။

Leon ...Carlo တို့၏အစီအစဥ်မှာလည်းကျရှုံးသွားပြီဖြစ်သလို David အဖေလည်းအမှန်တကယ်မသေဘူးဆိုသည့် အခြေအနေတွေကိုအနည်းငယ်သဘောပေါက်သွားရသည်။

Leonတို့နှစ်ယောက်လုံး ကားပေါ်ကဆင်းသည်နှင့်Venက Leon၏သေနတ်ကိုမြန်မြန်ဆန်ဆန်ပင်ဆွဲယူကာသိမ်းလိုက်သည်။

"Leon ကိုဘာမှမလုပ်ပါနဲ့ တောင်းပန်ပါတယ်။ အားလုံး ငါ့အမှားတွေပါ"ဟုသူ့အမေကDavidကိုတောင်းပန်နေတာကြောင့်

"Mom ...ကျွန်တော့်အတွက်တောင်းပန်ပေးစရာမလိုဘူး"ဟုLeon မျက်စိမျက်နှာပျက်စွာပြောသည်။

"Ok ok,..တစ်ယောက်နဲ့တစ်ယောက်ကာပြောမနေကြနဲ့ ကျွန်တော်လိုတိုရှင်းပဲပြောမှာ..."
ဟုပြောရင်း Venကိုမျက်စလှမ်းပစ်ကာ
" Ven ...စာချုပ်ပေးလိုက်အုံး"

Venကလည်း စာချုပ်ယူပြီးမြန်မြန်ဆန်ဆန်ပင်David အမေလက်ထဲပေးလိုက်သည်။
" ဒါ ဒါကဘာလဲ"

( My Lovely Mafia )Mafia ရဲ့အကြင်နာကြမ်းကြမ်း Season 1+2🖤Where stories live. Discover now