Part 27

34.6K 1.9K 77
                                    

Uni...

မာဖီးယားရဲ့ အကြင်နာကြမ်းကြမ်း(My Lovely Mafia) အပိုင်း ၂၇

အခန်းထဲကိုဝင်လာတဲ့ မိုးထက်ကြောင့် ခေတ်သေနတ်ချလိုက်ပြီး တည်နေတဲ့မျက်နှာထားကိုပါ အပြုံးလေးဆင်မြန်းလိုက်သည်။

“ ကိုခေတ် ဘာလုပ်နေတာလဲ “

“ခဏက David နဲ့ဖုန်းပြောနေတာ… “
ခေတ်ပြောလည်းပြော သူ့ဘေးမှာရပ်နေတဲ့ မိုးထက်ကိုပါ သူ့ပေါင်ပေါ်ဆွဲထိုင်စေလိုက်ပြန်သည်။

“ ကိုခေတ် Dragon ဘက်ကဘာမှလည်း မထူးခြားဘူးရော သူ့တို့ဘက်က
ကိုခေတ်နဲ့ပတ်သတ်ပြီး မေ့လိုက်ပြီနေမယ်။ဒီလိုပြောရတာ မကောင်းပေမဲ့လေ သူက ကိုခေတ်ကိုဂရုမစိုက်တော့ရင်ပိုကောင်းမယ်။ အဲဒါဆိုဘာမှစိုးရိမ်စရာမလိုတော့ဘူးလေ “

“ baby စိတ်ပူတာကို ကိုယ်နားလည်ပါတယ်။  ဒါပေမဲ့ကိုယ်လက်မလျော့နိုင်ဘူး ။
အနည်းဆုံးတော့ ဘာလို့အဲလိုလုပ်ရသလဲ အကြောင်းအရင်းလေးတော့သိခွင့်ရချင်တယ်။
ဘာတွေများ ကိုယ်တို့ဘက်ကမှားခဲ့လို့လဲ ဒီ၁၇နှစ်လုံးလုံး ရင်ထဲမှာအစိုင်အခဲကြီးတစ်ခုကိုထမ်းထားရတာ
ကိုယ်လည်း လွှတ်ချချင်ပါတယ်။ ဒါပေမဲ့ အခုချိန်မှတော့ မဖြစ်နိုင်ဘူး။  အဆုံးထိသွားမှရမယ်”
ခေတ် စို့နင်စွာပြောလေသည်… ။

မိုးထက် ခေတ်ကိုဖက်လိုက်ပြီး
“ တောင်းပန်ပါတယ် ကျွန်တော် အတွက်ပဲကျွန်တော်ကြည့်သလိုဖြစ်သွားတယ်”

ခေတ် မိုးထက်ခေါင်းလေးကိုပြန်ပွတ်ပေးရင်း
“ baby ကဘာမှားလို့လဲ တောင်းပန်စရာမလိုဘူး ။ကိုယ်စိတ်မဆိုးပါဘူး “

“ ကိုခေတ် ဒါပေမဲ့ တစ်ခုတော့ကတိပေးနော် သူတို့ဘက်ကစလှုပ်ရှားလာရင် ကျွန်တော့်ကိုလည်းအသိပေးရမယ် တစ်ယောက်ထဲ မဖြေရှင်းရဘူး”

ခေတ် လည်းမိုးထက်စိတ်ချမ်းသာအောင် ခေါင်းငြိမ့်လိုက်သည်။ သို့ပေမဲ့ Lucifer တို့ဘက်က ဆက်သွယ်လာတဲ့ ကိစ္စကိုလုံးဝပြောပြမည်မဟုတ်ပါ မိုးထက်သိလျှင် သူပါလိုက်မည်ဖြစ်ကုန်မည်။

မိုးထက်နဲ့ ခေတ်တင်းတင်းကျက်ကျပ်ဖက်ထားတုန်း ခေတ်ဖုန်းထဲကို မက်ဆေ့ ဝင်လာသည်။
ပို့သူကတော့ David…
မိုးထက် စားပွဲပေါ်က ဖုန်းကိုခြေမြန်လက်မြန်ဖြင့် ယူကြည့်လိုက်သည်…။

( My Lovely Mafia )Mafia ရဲ့အကြင်နာကြမ်းကြမ်း Season 1+2🖤Where stories live. Discover now