Season 2 (Part 24)🖤❤️🖤

15.2K 1.1K 119
                                    

Uni...

Season 2(Part 24)

နောက်တစ်နေ့မနက်ခင်းကြားလိုက်ရသည့်သတင်းကြောင့် Carloနှင့်သူ့ဖခင်မှာအပျော်ကြီးပျော်နေတော့သည်။

" ကျွန်တော်တို့ခေါင်းဆောင်အတွက် လွမ်းသူ့ပန်းခွေ သွားပေးရတော့မှာပေါ့"

" David အဲကောင်လေးဘာတွေကြံနေမှန်းမသိဘူး အခုထိအဲ့သတင်းကို အဖွဲ့တွေကိုကြောင်းမကြားသေးဘူး"

" ဖုံးထားလည်း ကျွန်တော်တို့ကမသိစရာအကြောင်းမှမရှိပဲ သေပြီဆိုတာသေချာသွားပြီလေ။ညနေ ကျွန်တော်သူ့ကိုသွားတွေ့မယ်…နောက်နေ့ကစပြီကျွန်တော်နဲ့ အဖေရဲ့အစီအစဥ်တွေအကုန်ဖြစ်မြောက်လာတော့မှာပါ…"

"Carlo …အခုကစပြီး မင်းDavid နဲ့ယှဥ်နိုင်တော့မှာ သူ့ကိုပါအပြတ်ရှင်းပြီး Bloodအဖွဲ့ကြီးတစ်ခုလုံးက ငါတို့သားအဖအပိုင်ပဲကွ"
ဟုပြောရင်း သားအဖနှစ်ယောက်ကျေနပ်စွာအော်ရယ်လိုက်ကြသည်။

ထိုအချိန်ပဲသူတို့၏လက်အောက်ငယ်သားတစ်ယောက်က ရောက်လာကာ
" David ကညနေကျရင် အဖွဲ့၀င်တွေအားလုံးကိုချိန်းဆိုထားပါတယ်…"

" ဘာအကြောင်းအတွက်လို့ပြောလည်း"

"အသုဘအတွက်ပါတဲ့… Carloက အဖွဲ့ခွဲခေါင်းဆောင်အနေနဲ့ကျိန်းသေပေါက်တက်ရောက်ပေးဖို့မှာထားပါတယ်"

"ဘာလဲခဏလောက်တော့ဘယ်သူမှမသိအောင်ဖုံးကွယ်ထားအုံးမယ်ထင်တာ…ဒီလိုဆိုတော့လည်းငါတို့က မသိချင်ယောင်ဆောင်စရာမလိုတော့ဘူးပေါ့"

Carlo ကမဲ့ပြုံးရင်း
"ကျွန်တော်သွားပြီးသေချာလေး ဝမ်းနည်းကြောင်းပြခဲ့လိုက်မယ်။ အဖေကတော့အောင်ပွဲအတွက်ကြိုပြင်ဆင်ထားလိုက်တော့"

"ဒါနဲ့ Leon ကိုတကယ်လွှတ်ပေးမှာပေါ့"

" လွှတ်ပေးရမှာပေါ့။ သူ့တာ၀န်သူကျေသွားပြီလေ ။သူနဲ့ဖမ်းထားတဲ့ကောင်လေးကိုအေးအေးဆေးဆေးပဲထွက်သွားခွင့်ပြုလိုက်မှာပါ"ဟုပြောရင်းCarloသူ့အကြံဖြင့်သူပြုံးနေလိုက်သည်။

….

David တို့စံအိမ်တစ်ခုလုံးရှိလူတွေလည်းဘာတွေလုပ်နေကြမှန်းမသိ…။
နေမခမှာလည်းDavid မျက်နှာလေးခဏသာမြင်ရသေးသည်။စကားပင်မပြောဖြစ်…ညနေ၅နာရီခန့်လောက်ကြမှ David က နေမခဆီရောက်လာသည်။

( My Lovely Mafia )Mafia ရဲ့အကြင်နာကြမ်းကြမ်း Season 1+2🖤Where stories live. Discover now