Part 34

31.8K 2.3K 15
                                    

Uni..

မာဖီးယားရဲ့ အကြင်နာကြမ်းကြမ်း(My Lovely Mafia) အပိုင်း ၃၄

" ကိုယ့်ကလေးလေးက ဘယ်တုန်းက အတောင်ပံပါတဲ့ငှက်ကလေးဖြစ်သွားရတာတုန်း...ဟမ်"
ခေတ် မိုးထက်ပါးလေးကိုဖွဖွညစ်ဆွဲလိုက်ရင်းပြောသည်။

" အဲဒါကိုခေတ် ဆိုတဲ့ ခင်ဗျားကြောင့်ပေါ့..."

" လူကြီးကို ခင်ဗျား ခင်ဗျား နဲ့ခေါ်တာ နှစ်ခါရှိနေပြီနော် "

" အဲအသက်ကြီးတာကိုပဲ ဂုဏ်ယူပြီးခဏခဏပြောနေလိုက်...ဟွန့်"
မိုးထက်နှာခေါင်းလေးရှုံ့ပြရင်း ပြန်ပြောသည်...။

" ကိုယ်ပြောထားပြီးသားလေ...အသက်တင်မဟုတ်ဘူး။ တစ်ခြားဟာရော အကုန်ကြီးပါတယ်လို့"

မိုးထက် ခေတ်အား အနည်းငယ် တွန်းလိုက်ရင်း
" ဘာတွေပြောမှန်းမသိဘူးဗျာ...."

ခေတ်အနည်းငယ်ကွာဝေးသွားတဲ့ မိုးထက်ကိုယ်လေးကိုပြန်ဆွဲယူလိုက်ပြီး
" ဘာတွေ ပြောနေမှန်း သိသွားအောင် ကိုယ်လက်တွေ့ပြပေးရမလား"

မိုးထက် ခေတ်ကိုမျက်လုံးအပြူးသားဖြင့်ကြောင်ကြည့်နေတုန်း...
ခေတ်ရဲ့ လက်ဝါးမှာ မိုးထက်တင်ပါးထက်သို့ ဖြန်းခနဲ ကျရောက်သွားတော့သည်။
မိုးထက်အနည်းငယ် စပ်ဖျဥ်းဖျဥ်းဖြစ်ကာနာသွားတာကြောင့်
" ကိုခေတ် ဘာလို့ရိုက်တာလဲဗျ...."

" ဆိုးလို့လေ....ပြောစမ်းပါအုံး။ ကိုယ့်ကိုဖုန်းမပြောရတဲ့အကြောင်း၊ ပြီးတော့ဒီကိုလိုက်လာတဲ့အကြောင်း
လာတဲ့လမ်းမှာတစ်ခုခုဖြစ်ရင် ဘယ်လိုလုပ်မလဲ ဟမ်...အခုအန္တရာယ်များနေ​တဲ့
အချိန်လေ။ အဲဒါကို ကလေးလေးလို လုပ်ချင်တိုင်း လုပ်ခဲ့ရလား"
ခေတ် ပုံစံမှာ ဒေါသတော့ ထွက်မနေပေမဲ့ မျက်နှာထားကတည်သွားလေသည်။

မိုးထက် လည်းခဏကတော့ သူ့အားပြုံးပျော်ကာ ဖက်နေပြီး ယခုကြတော့ ဆူနေသည့် ခေတ်အားကြည့်ရင်း နားမလည်တော့...။

ခေတ်ကလည်း မိုးထက်ကိုစစတွေ့ချင်တော့ပျော်သွားပေမဲ့ နောက်တော့ယခုလိုမဆင်မခြင်ထပ်မလုပ် အောင်နည်းနည်းတော့ ဆူမှရမယ်ဆိုပြီး
စဥ်းစားလိုက်သည်။ဒီကလေးအလိုလိုက်လွန်းလို့ ဆိုးနေသည်လေ။

( My Lovely Mafia )Mafia ရဲ့အကြင်နာကြမ်းကြမ်း Season 1+2🖤Donde viven las historias. Descúbrelo ahora