Uni...
မာဖီးယားရဲ့အကြင်နာကြမ်းကြမ်း (My Lovely Mafia)extra 4
ခေတ်နဲ့ မိုးထက်မြင့်တို့ ဦးမိုးထက်ကောင်း နဲ့အတူ လက်ဖက်ရည်သောက်ရင်း စကားပြောနေကြသည်...။
ထိုအချိန် Light ကဝင်လာပြီး...ခေတ်နား နားကိုကပ်ကာတစ်ခုခုပြောလိုက်ပြီး ပြန်ထွက်သွားသည်။
ခေတ် ကိုင်ထားသော လက်ဖက်ရည်ခွက်ကိုချလိုက်ပြီး" ထက်...ကိုယ့်လုပ်ဖော်ကိုင်ဖက်ဟောင်းတစ်ယောက် ရောက်လာလို့ ကိုယ်စကားသွားပြောလိုက်အုံးမယ်။
ထက် လည်းအဖေနဲ့ စကားပြောပြီးရင်လာခဲ့လေ ကိုယ်မိတ်ဆက်ပေးမယ်"မိုးထက် ခေါင်းလေးငြိမ့်ပြလိုက်ကာ
" ဟုတ်...ခဏနေလိုက်လာခဲ့လိုက်မယ်"ခေတ် ထွက်သွားတာနဲ့ ဦးမိုးထက်ကောင်းက မိုးထက်ဘေးနားပြောင်းထိုင်လိုက်ကာ
" သား...မင်း မနက်ဖြန်ဆိုရင်ပဲ ခေတ်မင်းသစ် နဲ့တရားဝင်လက်ထပ်ရတော့မှာနော်..."" ဘာလဲ အဖေက အဖေ့သားလေးတစ်ကယ်လက်ထပ်ရတော့မယ်ဆိုတော့ ဝမ်းနည်းလို့လား ။
ဘာမှစိတ်မပူနဲ့ ကျွန်တော် အဖေ့ဆီ အမြဲလာမှာ"ဦးမိုးထက်ကောင်း ကခေါင်းခါလိုက်ပြီး
" အဖေစိတ်ပူတာက တစ်ခြားကိစ္စ မင်း ခေတ်မင်းသစ် နဲ့အခြေအနေဘယ်လိုရှိလဲ..."မိုးထက် လက်ဖက်ရည်တစ်ငုံသောက်လိုက်ပြီး နားမလည်သည့်ဟန်နဲ့
" ဘာကိုဘယ်လိုရှိရမှာလဲ ကောင်းတယ်လေ...အဖေလည်းမြင်တာပဲ"ဦးမိုးထက်ကောင်း ကကြိတ်မနိုင်ခဲမရသည့်ပုံနှင့် ပြန်ပြောသည်။
" အဲဒါကိုပြောချင်တာမဟုတ်ဘူး။ သားပုံစံက သူ့ကိုအရမ်းရိုေသနေရသလိုပဲ...အမှန်ဆို ငါ့သားလေးက သူ့အစား သေနတ်တောင်အပစ်ခံထားရတာလေ သားကသူ့အပေါ်အရမ်းရိုသေနေစရာမလိုဘူးမလား။အခုချိန်ထဲက သူ့အပေါ်နည်းနည်းနိုင်ထားမှတော်ကာကြမှာသိရဲ့လား။ ပြီးတော့ ဟို...ဟို မနက်ဖြန်ညအတွက်ရော ဘယ်လိုစဥ်းစားထားလည်း...သားကTop မယ်မလား။ အဖေ ဆေးစီစဥ်ပေးမယ်လေ အဖေအတွင်းရေးမှူးကို အကုန်စီစဥ်ခိုင်းထားတယ်"
မိုးထက် ပါးစပ်အဟောင်းသား ဖြင့်သူ့အဖေကို ပြန်ကြည့်ရင်း စကားတော်တော်နှင့်ပြန်မပြောနိုင်
YOU ARE READING
( My Lovely Mafia )Mafia ရဲ့အကြင်နာကြမ်းကြမ်း Season 1+2🖤
RomanceSeason 1 (Completed 1 to 41) Season 2 ( Completed 1 to 31) ခေတ်မင်းသစ်(King)+မိုးထက်မြင့် David Sivan + နေမခ