Part 12

50.2K 2.9K 249
                                    

Uni...

မာဖီးယားရဲ့အကြင်နာကြမ်းကြမ်း(My lovely Mafia)အပိုင်း ၁၂

နေမခနဲ့ David ကတော့ည၁၂ ကျော်သည်အထိမအိပ်ကြသေးအကြောင်းကား

နေမခက David အားMafia တွေအကြောင်း ခရေစေ့တွင်းကျသလိုပေါက်ပေါက်ဖောက်မေးနေချင်ကြောင့်ပင်…

“ woo မာဖီးယားတွေလည်း သူ့စည်းနဲ့သူ ရှိတာပေါ့ ဒါနဲ့ မာဖီးယားတွေကအချင်းချင်းတည့်လား”

“ တည့်တဲ့အဖွဲ့လည်းရှိသလို မတည့်တာလည်း ရှိတာပေါ့”

“ မာဖီးယားတွေကိုအပြင်မှာ မြင်ဖူးချင်တယ် “

“ဘာလို့လဲ “

“ သူတို့ ဘယ်လိုပုံရှိလည်းသိချင်လို့လေ…”.

“ ကိုယ်သိတဲ့ မာဖီးယားတစ်ယောက်ရှိတယ် အရမ်းချောတာ”

“ ဟမ် ဘယ်သူလဲ”

“ Blood ဂိုဏ်းလေ ကြားဖူးလား အဲ့ဂိုဏ်းက ခေါင်းဆောင်ဆိုအရမ်းချောတာ”David အရမ်းချောတာဆိုသည့်နေရာကို တစ်လုံးချင်သေချာဖိပြောလိုက်သည်။

နေမခကတော့ခေါင်းခါရင်း

“မဖြစ်နိုင်တာ blood ဂိုဏ်းခေါင်းဆောင်က လူမဲလူမျိုးလို့ကြားထားတာ တကယ်ချောလို့လား”

“ လူမဲ မဟုတ်ပါဘူး အီတလီနဲ့ ပြင်သစ်စပ်ပါကွာ ကိုယ့်လိုပဲချောတယ်”ဆိုကာပြုံးပြုံးကြီး အရှက်မရှိပြောသည်။

ေနမခလည်း မယုံသည့်ပုံစံဖြင့်

“ နေပါအုံး ဘာလို့အဲလောက်သေချာသိနေရတာလည်း ခင်ဗျားမရိုးသားဘူး
ခင်ဗျာလည်းတစ်ခြားအရာရှိတွေလို သူတို့ဆီက လာဘ်စားတာမလား”

“ မင်းကိုယ့်အနားမှာ တစ်ချိန်လုံး ရှိနေတာပဲကွာ ကိုယ်မဟုတ်တာလုပ်တာမြင်ဖူးလို့လား”

“ ပြောလို့ဘယ်ရမလဲ ခင်ဗျားက ညဘက်မှတိတ်တိတ်လေးတွေ့ချင်တွေ့နေမှာပေါ့”

“ မယုံလို့ရှိရင် ခကိုယ့်ဆီမှာပဲ ညတိုင်းအိပ်တော့လေ ကိုယ့်ကိုတစ်ချိန်လုံးစောင့်ကြည့်ပေါ့”

David ခလက်အားထိကိုင်လိုက်ပြီး ညုတုတုအပြုံးလေးပြုံးကာပြောသည်…။
“ အားအားယားယား မစောင့်ကြည့်ပါဘူး “ ဆိုပြီး

( My Lovely Mafia )Mafia ရဲ့အကြင်နာကြမ်းကြမ်း Season 1+2🖤Dove le storie prendono vita. Scoprilo ora