အကြင်နာအင်အား/အျကင္နာအင္အား

1.9K 192 29
                                    

(Uni) တစ် . . နှစ် . . သုံး . . လေး . . .

ဖျော့နွမ်းနွမ်းလရိပ်သာ ဖြာကျနေတဲ့ တိတ်တဆိတ်အခန်းလေးတစ်ခုက အနွေးစောင်တစ်ထည်အောက်မှာ အတူတူရှိနေတဲ့အချိန် ဟာလေက အငြိမ်မနေပဲ အက်ဆစ်ရဲ့အင်္ကိျီကြားထဲသို့ လက်တိုးဝင်ကာ ဟိုထိသည်ထိနှင့် ပွတ်သပ်ပြီး တိုးတီးရေရွတ်နေပုံဟာ တစ်ဖက်က အက်ဆစ်ကို ကျီစယ်နေသည့်အလား။

" ဘာလုပ်နေတာလဲ ဟာလေစံ "

နူးညံ့ညှင်သာပြီး အသည်းယားစရာကောင်းတဲ့အထိအတွေ့ကို မလွန်ဆန်နိုင်တော့ အိပ်ဖို့ကြိုးစားနေတဲ့အက်ဆစ်တစ်ယောက် မအိပ်နိုင်တော့ပဲ ဟာလေ့ရဲ့လက်ကို ဖိထိန်းကာ စူးစိုက်ကြည့်လိုက်မိသည်။
ထိုအခါ သူ့ဘက်သို့ စောင်းကာ လှည့်အိပ်နေတဲ့ဟာလေဆီမှ ရှက်ပြုံးလေးတစ်ခုကို သူမြင်တွေ့လိုက်ရ၏။ ချစ်စရာကောင်းတဲ့သူ့ရဲ့အပြုံးလေးက အက်ဆစ်ရဲ့နက်ရှိုင်းတဲ့နှလုံးသားထဲကို ထိုးဖောက်နေရာယူနေသလို . . ။

" ငါ ရေတွက်နေတာလေ "

" ဟင် ဘာကိုရေတွက်နေတာလဲ? "

" အိပ်မပျော်လို့ မင်းကိုယ်ပေါ်က အမာရွတ်တွေကို ရေတွက်နေတာ။ ငြိမ်ငြိမ်နေနော်။ ဟိုဖက် ရောက်နေပြီ . . ခြောက် ခုနှစ် "

ဟာလေ ရေတွက်နေသည်က ဆူဘတ်တို့နဲ့ ခိုက်ရန်ဖြစ်ပွါးခဲ့တုန်းက အက်ဆစ် ရရှိခဲ့တဲ့ဓါးဒဏ်ရာတွေကို ဆိုလိုခြင်းဖြစ်သည်။ အဲ့ဒီအချိန်တုန်းက အက်ဆစ်ရဲ့ကိုယ်ပေါ်မှာ သွေးရည်ချိုးထားသလို ရဲရဲတောက်နေပုံက သူ့ကို အကြီးအကျယ်ထိတ်လန့်စေခဲ့တဲ့အပြင် သူ့ဆီကနေ အက်ဆစ် ထွက်သွားမှာကို ကြောက်လန့်ခဲ့ရတဲ့နေ့ရက်တွေလည်း ဖြစ်ခဲ့သည်။
အခုတော့ ဒါတွေက မမေ့နိုင်စရာအတိတ်အဖြစ် ကျန်ရစ်နေခဲ့ပြီး အက်ဆစ်ကိုယ်ပေါ်က အမာရွတ်တွေကို ရေတွက်ရတာက ဟာလေအတွက် သဘောကျစရာတစ်ခုလို ဖြစ်နေခဲ့လေသည်။

အက်ဆစ်ကိုယ်တိုင်လည်း ဟာလေရဲ့ထိတွေ့မှုတိုင်းမှာ မိန်းမောနစ်မြှုပ်နေရင်း . . .

" ကိုး . . တစ်ဆယ် ဆယ့်တစ် "

သူ့ကျောပြင်ရဲ့အဆုံးမှာ ဟာလေရဲ့လက်တွေရပ်တန့်သွားခဲ့လေသည်။ ကြည့်ရတာ အက်ဆစ်ရဲ့အမာရွတ်တွေ ကုန်သွားပြီထင့်။

Hard Murder 2Where stories live. Discover now