(Unicode) # လာမယ့်ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ခွင့်ရတဲ့အတွက် ဘယ်လိုခံစားရလဲသိချင်ပါတယ် မစ္စတာဗင်ဇယ်ထရိုနယ် #
# ရွေးကောက်ပွဲအောင်နိုင်ခဲ့ရင် ဘာတွေဆက်လုပ်သွားမလဲဆိုတာလည်း ပြောပြပေးပါဦး #
# မစ္စတာဗင်ဇယ်ထရိုနယ်က လူထုအတွက် ဘာတွေပံ့ပိုးပေးနိုင်မလဲ #
နေအလင်းရောင်မရှိတဲ့ မှုန်မှိုင်းမှိုင်းနံနက်ခင်းတစ်ခုက ဗင်ဇယ်ရဲ့အာဏာယှဉ်ပြိုင်ပွဲနေ့တစ်နေ့ဖြစ်နေခဲ့သည်။ သတင်းစာရှင်းလင်းပွဲကျင်းပတဲ့ မြို့တော်ခန်းမမှာ သတင်းထောက်အသီးသီးက သူ့ကို အလုအယက်မေးခွန်းတွေမေးနေကြသော်လည်း ဗင်ဇယ်က တစ်ခုမှပြန်မဖြေပဲ အခံ့သားထိုင်ကြည့်နေသည်။
ဘာကြောင့်ဆို ဒီမေးခွန်းတွေအားလုံးက သူ့အတွက် အရေးမှမကြီးပဲ။ သူလိုချင်တာက လောကကြီးကို ကြိုက်သလိုခြယ်လှယ်နိုင်တဲ့ အာဏာပင်။
ဒီပွဲမှာ သူအနိုင်ရဖို့ကိုလည်း ရာထူးကြီးပိုင်းတချို့နှင့်ချိတ်ဆက်ထားပြီးသားမို့ အားလုံးဟာ သူ့အလိုကျသာ ဖြစ်နေခဲ့၏။ဒါ့ကြောင့် အမောတကော မေးနေကြတဲ့သတင်းထောက်တွေရဲ့မေးခွန်းတွေအားလုံးကို "အားလုံး ပင်ပန်းသွားကြပါပြီ" ဟူသော စကားတစ်ခွန်းနှင့်သာ အဆုံးသတ်ခဲ့သည်။
ပြီးနောက် ဒရိုင်ဘာတစ်ယောက် မောင်းနှင်ပေးသော ကားပေါ်မှာ အငြိမ့်သား ထိုင်ရင်း စံအိမ်သို့ပြန်လာသည်။
သူအခုလို မပြောမဆိုနဲ့ဝင်ပြိုင်ခဲ့တဲ့အတွက် ဝန်ကြီးချုပ်ဟောင်းဖြစ်တဲ့ စိန့်စတီဗင်လည်း ဘယ်လောက်များဒေါပွနေလိုက်မလဲဆိုတာ တွေးရင်း ဗင်ဇယ် ကျေနပ်နေမိခဲ့၏။ခြေတစ်လှမ်းမှားရင် ခြေလှမ်းတိုင်းမှားတတ်တယ်ဆိုတဲ့စကားအတိုင်း . . . အမှောင်ထဲကို ခြေစလှမ်းခဲ့တဲ့ဗင်ဇယ်ရဲ့ခြေလှမ်းတွေဟာ အခုတော့ ပို၍မှောင်မိုက်အကျည်းတန်သောလောကထဲမှာ ကျင်လည်လျှက်သား ။
ရာထူးနဲ့အာဏာကလွဲလျှင် ဘာကိုမှ မတွေးတတ်တဲ့ အောက်ခြေလွတ်လူတန်းစားအလား။" ပြန်လာပြီလား မစ္စတာ "
စံအိမ်ကိုရောက်တော့ သူခန့်ထားတဲ့ ဆေးဖော်စပ်သူနှစ်ဦးထဲမှ မစ္စတာဂျွန်ဟု အမည်တွင်သော ဒေါက်တာတစ်ဦးက သူ့ကိုကြိုဆိုလာသည်။ ကြည့်ရတာ အလုပ်ချိန်ပြီး၍ မြေအောက်ခန်းမှ တက်လာတာဖြစ်မည်။
YOU ARE READING
Hard Murder 2
Mystery / Thriller(Uni)စိတ္တဇလူသတ်သမားတစ်ဦးနှင့်ချစ်ကြိုက်မိခြင်း ဤFictionသည် Psycho 18+အမျိုးအစားဖြစ်၍ စိတ်ပိုင်းဆိုင်ရာ အားနည်းသူများနှင့် နှလုံးအခံရှိသူများ ဖတ်ရန် မသင့်လျော်ပါ။ စာရေးသူ ကိုယ်ပိုင်ဖန်တီးထားသော မူပိုင်ဝတ္ထုတစ်ပုဒ်ဖြစ်ပြီး မည်သူတစ်ဦးတစ်ယောက်ကိုမျှ ထ...