(Uni) ခပ်နွေးနွေး ရေစက်များ ခေါင်းပေါ်သို့ ကျဆင်းလာတော့ နွေးထွေးမှုတစ်ခုက သူ့အပေါ် ထွေးပိုက်ထားသလို စမိုင်း ခံစားလိုက်ရသည်။
သူလိုချင်သည့် နွေးထွေးမှုတစ်ခုကို ဘယ်သူ့ဆီကမှ မရနိုင်တာမို့ ရေနွေးနှင့်ရေချိုးရသည်ကိုသာ စမိုင်းအနှစ်သက်ဆုံးဖြစ်၏။ကြမ်းပြင်ပေါ်တွင် သူ့ကိုယ်ပေါ်၌ ပေကပ်နေသော ရွှံ့နွံများက ရေနှင့်အတူ ရေစီးမြောင်းထဲသို့ စီးဆင်းနေလျှက် . . . ။
ဆိတ်ငြိမ်မှုနှင့်အတူ လွန်ခဲ့တဲ့ရက်က သခင်နှင့် ဖုန်းပြောခဲ့သည့်အကြောင်းကို သူ ပြန်စဉ်းစားနေရင်း . .°°° ဘယ်လို ဟာလေက ဆေးနဲ့ပတ်သက်မှုရှိနေတယ်ဟုတ်လား °°°
°°° သူ့ဖုန်းထဲက ဒေတာတွေကို စစ်ကြည့်ရသလောက်ကတော့ သူက သတင်းထောက်တစ်ယောက်နဲ့အတူ အဲ့ဒီဆေးအကြောင်း လေ့လာနေတယ်ဆိုတာပါပဲ °°°
°°° ဒါဆို မင်းသူ့ကို ဆက်ပြီးစောင့်ကြည့်ရမယ် စမိုင်း °°°
°°° စောင့်ကြည့်ရမယ်ဆိုတော့ ကျွန်တော် သူ့အနားမှာ ဆက်ရှိနေရမယ်လု့ိ ဆိုလိုတာလား။ ဟင့်အင်း ကျွန်တော် သူ့ကိုလွှတ်ပေးမယ်လို့ ကိုကို့ကို ကတိပေးခဲ့ပြီးပြီ။ °°°
°°° လွှတ်ပေးတယ်ဆိုတာ သူ့အသက်ကိုလွှတ်ပေးတယ်လို့ ပြောချင်တာလေ စမိုင်း။ ဒါပေမယ့် သူ့ရဲ့လွတ်လပ်ခွင့်က မင်းအနားမှာပဲရှိရမယ်။ သူ ဘာတွေဆက်လုပ်လဲဆိုတာ မင်းစောင့်ကြည့်ပေးထား။ အဲ့ဒါ ငါမင်းကို ပေးတဲ့တာဝန်အသစ်ပဲ စမိုင်း °°°
ဟာလေ့ကို သူပြန်ပေးဆွဲပြီးတဲ့နောက် ဟာလေ့ဖုန်းထဲက အချက်အလက်တွေအားလုံးကို စမိုင်း သိရှိပြီး ဗင်ဇယ့်ကို အစီရင်ခံပြခဲ့သည်။ အဲ့ဒီနောက်မှာတော့ ဗင်ဇယ်ပေးတဲ့ဇာတ်ရုပ်အသစ်နဲ့ အက်ဆစ်နေရာမှာ စမိုင်း အစားထိုးနေခဲ့ပြီး ဟာလေ့ကို အမျိုးမျိုးနှောင့်ယှက်နေခြင်းသာဖြစ်၏။
နဂိုကတော့ သူ့ရဲ့မကျေနပ်မှုတွေကို လက်စားချေပြီး သခင့်အပါး ပြန်ခစားမည်ဟု ဆုံးဖြတ်ခဲ့သော်လည်း . . . လောကကြီးထဲမှာ ခရစ်တန် ရှင်သန်နေသေးတယ်ဆိုတဲ့အချက်က သူ့ရဲ့ဆန္ဒတွေ မပြည့်မြောက်သေးဘူးဆိုတာ သတိပေးနေလေတော့ . . .
YOU ARE READING
Hard Murder 2
Gizem / Gerilim(Uni)စိတ္တဇလူသတ်သမားတစ်ဦးနှင့်ချစ်ကြိုက်မိခြင်း ဤFictionသည် Psycho 18+အမျိုးအစားဖြစ်၍ စိတ်ပိုင်းဆိုင်ရာ အားနည်းသူများနှင့် နှလုံးအခံရှိသူများ ဖတ်ရန် မသင့်လျော်ပါ။ စာရေးသူ ကိုယ်ပိုင်ဖန်တီးထားသော မူပိုင်ဝတ္ထုတစ်ပုဒ်ဖြစ်ပြီး မည်သူတစ်ဦးတစ်ယောက်ကိုမျှ ထ...