(Uni) ** မာမီရဲ့ကောင်မလေးဆိုတာ အန်တီယူရှီလား?? ***
ညစ်ပေနေတဲ့စတိုခန်းကို သုတ်သင်ရှင်းလင်းပေးနေတဲ့ အက်ဆစ်မှာတော့ အမှတ်မထင်ပဲ ကတ်ထူပုံးထဲက မှန်ဘောင်တစ်ခုဖြင့် ထည့်ထားသောဓါတ်ပုံတစ်ပုံကို တွေ့မိပြီး စိတ်နှင့်လူနှင့်မကပ်ပဲ ရှိနေခဲ့၏။ ဘာကြောင့်လဲဆိုတော့ ထိုဓါတ်ပုံဟာ သူမြင်ဖူးလေ့ရှိတဲ့ပုံတစ်ပုံဖြစ်နေပြီး . . သူ့အမေ အမြဲပြောပြောနေတဲ့ ချစ်ရတဲ့ကောင်မလေးဆိုတာ ယူရှရီဖြစ်နေမှန်း အက်ဆစ် သိသွား၍ပင်။
သူ့ရဲ့အမေ ပန်ထရက်ဇာဟာ အသက်ရှင်ခဲ့စဉ်ကာလက နေ့ရက်တိုင်း အထီးကျန်နေတတ်ပြီး ဧည့်ခန်းမှာ အမြဲထိုင်ကာ ဓါတ်ပုံတစ်ပုံကိုသာ ငေးငိုင်ကာ ကြည့်နေတတ်သည်။ သားသမီးဆိုတာ အမေ့အရိပ်ကို ဒေါက်ထောက်ကြည့်နေတတ်သူမို့ ပန်ထရက်ဇာ မရွှင်မပြဖြစ်တိုင်း အက်ဆစ် စိတ်ညစ်တတ်ခဲ့၏။
စီးပွါးအရှာကောင်းပြီး ကြင်နာတတ်တဲ့အဖေနှင့် ပညာရေးမှာထူးချွန်တဲ့သူ့ကို ရထားတာတောင် အမေ ဘာကြောင့် မပျော်နိုင်သလဲဆိုတာ အက်ဆစ်အတွက် ခက်ခဲတဲ့ပုစ္ဆာတစ်ပုဒ်ကဲ့သို့ ရှိနေခဲ့သည်။" မာမီ ကျောင်းစာမေးပွဲမှာ သား ဒုတိယရတယ်။ ဆရာမက ဆုချလိုက်တယ်။ ကြည့်ပါဦး "
" အင်း သိမ်းထားလိုက် "
ကျောင်းစာမေးပွဲမှာ သူဆုရခဲ့သော်လည်း ပန်ထရက်ဇာက ဓါတ်ပုံကို အကြည့်မပျက်ခဲ့၍ သူ စိတ်ကသိကအောက်ဖြစ်ကာ ဘေးမှာ ဝင်ထိုင်လိုက်မိသည်။ ပြီးနောက် သူ့အမေကြည့်နေတဲ့ဓါတ်ပုံကို စပ်စုကြည့်လိုက်တော့ သူ့အမေက မိန်းကလေးတစ်ယောက်နှင့်တွဲရိုက်ထားသော ထိုဓါတ်ပုံကို ရှေ့တိုးပြပေးလာသည်။
" လှလား "
" ဟင့်အင်း။ မာမီရဲ့အလှကို မမှီဘူး။ အရပ်ကလည်း ပုတယ်။ စမတ်လည်းမကျဘူး။ အဲ့ဒါ မာမီ့သူငယ်ချင်းလားဟင် "
" မဟုတ်ဘူး။ အဲ့ဒါ မာမီ့ရဲ့ကောင်မလေး "
အက်ဆစ် စပ်စုမေးလိုက်တဲ့အခါ ပြန်ဖြေလာတဲ့ပန်ထရက်ဇာရဲ့မျက်ဝန်းတွေက အတိတ်ကိုပြန်တွေးပြီး ပျော်မွေ့နေခဲ့သည့်ပုံပေါ်နေသည်။ သူဆုရလာတာကိုတော့ မပျော်ပဲ ထိုမိန်းကလေးအကြောင်းကိုပြောတဲ့အခါ ပန်ထရက်ဇာ ပျော်နေတာတွေ့ရတော့ ကြားထဲကနေ အက်ဆစ် သဝန်တိုမိခဲ့သည်။
YOU ARE READING
Hard Murder 2
Mistério / Suspense(Uni)စိတ္တဇလူသတ်သမားတစ်ဦးနှင့်ချစ်ကြိုက်မိခြင်း ဤFictionသည် Psycho 18+အမျိုးအစားဖြစ်၍ စိတ်ပိုင်းဆိုင်ရာ အားနည်းသူများနှင့် နှလုံးအခံရှိသူများ ဖတ်ရန် မသင့်လျော်ပါ။ စာရေးသူ ကိုယ်ပိုင်ဖန်တီးထားသော မူပိုင်ဝတ္ထုတစ်ပုဒ်ဖြစ်ပြီး မည်သူတစ်ဦးတစ်ယောက်ကိုမျှ ထ...