(Uni) ဒါ့ဒါ~ ဒါ့ဒါဒါဒါ~
ဒါ့ဒါ ~ဒါဒါ~ ဒါ့ဒါဒါ~ ~ရေဒီယိုမှ လာနေသော ရှေးဆန်ဆန်မြူးကြွတဲ့တေးသီချင်းတွေကို ကာရန်လိုက်ညည်းရင်း စမိုင်းတစ်ယောက် အဝေးပြေးလမ်းမတွေမှာ ကားလှည့်မောင်းနေခဲ့ပြီး … တစ်နေစောင်းတော့မှ အိမ်ဘက်သို့ ခြေဦးတည်လာခဲ့သည်။
လုပ်ချင်တာလုပ်ပြီး သဘောတွေ့နေတဲ့အမူအရာနှင့် ဘာကိုမှဂရုမစိုက်တတ်တော့တဲ့အရူးဆန်ဆန်မျက်ဝန်းတွေက မာ့ခ်ဆိုတဲ့ဖြူစင်တဲ့ပုံရိပ်လေးကို ဘယ်လောက်အဝေးဆုံးအထိ တွန်းပို့ထားနေပါပြီလဲ … ။
ဟင် ! ကျွီ …
အိမ်ဘက်သို့ အရောက်မှာတော့ ဆိုင်လေးထဲကနေ သူအရမ်းသိကျွမ်းနေတဲ့လူတစ်ယောက် ထွက်လာတာမြင်လိုက်ရ၍ စမိုင်း အံ့သြဆွံ့အစွာဖြင့် ကားကိုချက်ချင်းထိုးရပ်ပစ်လိုက်၏။" ခရစ်တန်? သူက ဒီကိုဘာလာလုပ်တာလဲ "
ထိုလူဟာ ခရစ်တန်ဖြစ်နေပြီး ဟာလေ့ရဲ့အိမ်ကို ဘာအကြောင်းကြောင့်ရောက်လာသလဲဆိုတဲ့မေးခွန်းက စမိုင်းအတွက် နားမလည်နိုင်စရာဖြစ်သွားလေသည်။
°°° သူဒီကိုပြောင်းလာတဲ့အကြောင်းအရင်းကို ငါသေချာသိခဲ့တာမဟုတ်သေးဘူးလေ။ ဧကန္တ သူက ဟာလေစံကို လာရှာတာလား။ ဘာလုပ်ဖို့လဲ ဘာလို့ ဟာလေစံ? အာ … ဟာလေစံက ဆေးနဲ့ပတ်သက်ပြီးစုံစမ်းနေလို့ သူ့မိန်းမသေခဲ့ရတဲ့ဆေးအကြောင်းကို သိချင်လို့ လာတာမဟုတ်လား။ ဟုတ်တယ် ငါထင်တာလွဲမှာမဟုတ်ဘူး။ အရူးကြီးရယ် မိန်းမကျ ချစ်တတ်လိုက်တာ °°°
ခရစ်တန့်ရဲ့ပုံစံကလည်း အလောသုံးဆယ်နှင့် ဖြစ်နေတော့ သူတွေးတဲ့အတိုင်း စမိုင်းယူဆလိုက်ပြီး ခရစ်တန့်နောက်ကို ချက်ချင်းနောက်ယောင်ခံလိုက်ကြည့်တော့သည်။
°° ဟာလေ? သြော် သားကိုလာရှာတာလား။ သားနဲ့မိတ်ဆွေတွေထင်တယ်။ သားက အခုဒီမှာမရှိဘူးကွဲ့။ သူ့သူငယ်ချင်းက အခုဆေးရုံတက်နေရလို့ ဆေးရုံမှာ လူနာစောင့်လုပ်ပေးနေတယ်လေ။ ညဆိုရင်တော့ သူပြန်လာမှာပါ။ မင်းစောင့်ချင်စောင့်သွားပါလား °°
°° ဟုတ်လား အဒေါ်။ ဒီလိုဆိုရင်လေ သူ အခုရှိနေတဲ့ဆေးရုံလိပ်စာလေး တစ်ချက်လောက်ပေးပါလား။ သူ့ကိုတွေ့ရဖို့က အလျှင်လိုနေလို့ပါ °°
![](https://img.wattpad.com/cover/285305947-288-k845038.jpg)
YOU ARE READING
Hard Murder 2
Mystery / Thriller(Uni)စိတ္တဇလူသတ်သမားတစ်ဦးနှင့်ချစ်ကြိုက်မိခြင်း ဤFictionသည် Psycho 18+အမျိုးအစားဖြစ်၍ စိတ်ပိုင်းဆိုင်ရာ အားနည်းသူများနှင့် နှလုံးအခံရှိသူများ ဖတ်ရန် မသင့်လျော်ပါ။ စာရေးသူ ကိုယ်ပိုင်ဖန်တီးထားသော မူပိုင်ဝတ္ထုတစ်ပုဒ်ဖြစ်ပြီး မည်သူတစ်ဦးတစ်ယောက်ကိုမျှ ထ...