(Uni) ** ပျော်နေကြတယ်? ခင်ဗျားတို့ ပျော်နေကြတယ်ဟုတ်လား။ ကျွန်တော် မြင်နေရတဲ့ပုံရိပ်တွေက အစစ်မှ ဟုတ်သေးရဲ့လား? **
ကောင်းကင်မှာ မြူနှင်းတို့ ခိုးဝေနေသည့် ခရစ်စမတ်အကြိုနေ့လေးမှာ ဆန်ဖရန်စစ္စကို ပထမဆုံးအကြိမ် ရောက်ရှိလာသည့် သူစိမ်းလေးတစ်ယောက်ကတော့. . စမိုင်းသာ ဖြစ်သည်။
ရောက်ရောက်ချင်း အရှေ့ကဒရိုင်ဘာကို ဟာလေ့ရဲ့အိမ်လိပ်စာအတိုင်း မောင်းနှင်ခိုင်းခဲ့ပြီး . . မှန်ကြည်နံရံသာ ခြားနေတဲ့ ဆိုင်ခန်းလေးထဲ၌ အက်ဆစ်နှင့်ဟာလေတို့နှစ်ယောက် ခရစ်စမတ်သစ်ပင်မှာ မီးခတ်မီးနွယ်လေးတွေ ချိတ်ရင်း ကြည်နူးနေသည့်ပုံရိပ်ကို ပထမဆုံးမြင်ခဲ့ရသည်။
သူ့ကိုတော့ ဒုက္ခအကျဉ်းအကြပ်ထဲရောက်အောင် ပို့ထားပြီး ဟာလေဆိုတဲ့စုံထောက်က သူ့အကိုကို ရယ်မောပျော်ရွှင်စေခဲ့၍ ကြည့်လေ ကြည့်လေ ဒေါသတွေ ဆထက်တိုးလာလေဖြစ်ခဲ့၏။
လောလောဆည် အခြေအနေစောင့်ကြည့်တဲ့အနေအထားမို့ ကားထဲမှာပဲ ငြိမ်နေလိုက်ပြီး လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားလိုက်သည်။အရှေ့က ဒရိုင်ဘာလည်း နောက်ကြည့်မှန်ကနေ သူ့ကို စိုက်ကြည့်ပြီး စကားဆိုလာခဲ့၏။
" ခရစ်စမတ်နေ့တွေဆို အဲ့ဒီဆိုင်က မဖွင့်ဘူး။ ဟော့ပေါ့စားချင်တယ်ဆို နောက်နေ့မှပဲ ရတော့မယ်။ "
သို့သော် ထိုဒရိုင်ဘာ စမိုင်းကို ဟော့ပေါ့စားချင်၍လာသည်ဟု ထင်မိသည်။ ဘာကြောင့်လဲဆိုတော့ ဒီမြို့မှာ နာမည်ကြီးတဲ့ဟော့ပေါ့ဆိုင်က ထိုဆိုင်တစ်ဆိုင်ပဲရှိသည်မဟုတ်ပါလား။ ဆိုတော့ စမိုင်းကို ထိုအတွက်လာသည်ထင်ပြီး စကားပါးလိုက်တဲ့အခါ စမိုင်းက သူ့ကို နောက်ကြည့်မှန်ကနေ မျက်ဝန်းချင်းဆုံကြည့်လာခဲ့သည်။
" ရပြီ မောင်းတော့ "
" ဒါဆို ပါပါးဆီကို မောင်းမယ်နော် "
" အင်း "
ဘာပဲဖြစ်ဖြစ် သူ့အကိုရှိနေတဲ့နေရာက သူမှန်းထားသည့်အတိုင်းဖြစ်နေသည်မို့ မျက်နှာဖုံးရဲ့နောက်ကွယ်မှာ မဲ့ပြုံးပြုံးရင်း အကြီးအကဲချန်ရ်ဆီ လိုက်ပါသွားခဲ့တော့သည်။
ထို့နောက် သူ ရှာတွေ့ပြီဆိုတဲ့အကြောင်းအား တစ်စုံတစ်ယောက်ဆီသို့ မက်ဆေ့လှမ်းပို့နေလျှက်။
YOU ARE READING
Hard Murder 2
Gizem / Gerilim(Uni)စိတ္တဇလူသတ်သမားတစ်ဦးနှင့်ချစ်ကြိုက်မိခြင်း ဤFictionသည် Psycho 18+အမျိုးအစားဖြစ်၍ စိတ်ပိုင်းဆိုင်ရာ အားနည်းသူများနှင့် နှလုံးအခံရှိသူများ ဖတ်ရန် မသင့်လျော်ပါ။ စာရေးသူ ကိုယ်ပိုင်ဖန်တီးထားသော မူပိုင်ဝတ္ထုတစ်ပုဒ်ဖြစ်ပြီး မည်သူတစ်ဦးတစ်ယောက်ကိုမျှ ထ...