မျက်ဝန်းစကားထာ/မ်က္ဝန္းစကားထာ

404 45 8
                                    

(Uni) တစ်ဆုံးဖွင့်ဟထားသော ခန်းစီးပြတင်းပေါက်မှ တိုးဝင်လာသည့် ခပ်နုနုနေခြည်ထွေးတို့ဟာ စားပွဲတစ်ခုပေါ်တွင်တင်ထားသည့် ရှားစောင်းပန်းပင်လေးကို အားဖြည့်ဓါတ်ဆာဖြည့်တင်းပေးနေလျှက်ရှိသည်။ မိုးရနံ့အနည်းငယ်ပါသည့် အေးစွတ်စွတ်လေပြေတို့က ခန်းစီးလိုက်ကာကိုဖြတ်တိုးရင်း ကြမ်းပြင်၌ ရှုပ်ပွနေသောစာရွက်အပိုင်းအစတချို့ကို လှုပ်ခတ်နေစေသည်။
သို့သော် ထိုအခန်းပိုင်ရှင်က ရှင်းလင်းမည့်ပုံမပေါ်ပဲ ရေးဆွဲနေတဲ့စာရွက်တစ်ရွက်ကိုပါ ထပ်ဖြဲ၍ ကျဲချလိုက်ပြန်သည်။ 

" ဒီလိုမဟုတ်သေးဘူး "

စာရွက်တွေအားလုံးမှာလည်း မျက်နှာဖုံးနှင့် ယောကျာ်းတစ်ယောက်ပုံသာ ဖြစ်ပြီး သူမြင်ခဲ့သောလူသတ်သမားကို ပြန်လည်ပုံဖော်ဖို့ မာဂရတ်ကြိုးစားနေခြင်းသာဖြစ်၏။
အစက ထိုသူကို ပြန်မြင်ယောင်တိုင်း လန့်မိပေမယ့် အဖေ့အတွက် လက်တုံ့ပြန်ဖို့ အဲ့ဒီလူကို ပြန်ရှာတွေ့ချင်မိတာကြောင့် ပုံတူဆွဲနေခြင်းပင်။

တင်တောင် ~
ထိုစဉ် ဘဲလ်မြည်လာသည်မို့ ရုတ်တရက် သူ့အခန်းဝန်းကျင်ကို သတိထားကြည့်လိုက်မိ၏။

" အယ် ရှုပ်နေတာပဲ "

သို့နှင့် ကပြာကယာထရင်း ကြမ်းပြင်က စာရွက်တွေကို ကောက်သိမ်းပါတော့ …

တင်တောင် ~
နောက်တစ်ကြိမ်ထပ်မြည်လာသည်မို့ _

" လာပြီ လာပြီ "

မာဂရက် သေချာမရှင်းနိုင်လိုက်ပဲ တံခါးကို အပြေးဖွင့်ပေးလိုက်လေသည်။

" အစ်ကိုဟာလေပဲ "

" အင်း မပြောမဆိုလာလိုက်လို့ မာဂရက် အဆင်ပြေပါ့မလားမသိဘူး "

အသားနုရောင်ကုတ်အင်္ကိျီရှည်နှင့် လိုက်ဖက်စွာ ကြည့်ကောင်းနေတဲ့ဟာလေက သူ့အကျင့်အတိုင်း အားနာခြင်းကို ရှေ့တန်းတင်လာတော့ မာဂရက် ဘာကိုမှမတွေးမိပဲ အခန်းထဲကို ချက်ချင်းခေါ်လိုက်မိသည်။

" ဘာမဖြစ်ပါဘူး အစ်ကိုရဲ့။ အထဲကို လာလေ။ နည်းနည်းတော့ ရှုပ်ပွနေတယ် "

ပြောပြောဆိုဆိုနှင့် အရှေ့ကနေ စာရွက်များကို ပြာပြာသလဲ လက်ဖြင့်လုံးချေကောက်သိမ်းနေရာ တကယ်ပဲ ဘာတွေဆွဲထားလို့ သူ့ကို မမြင်စေချင်သလဲဆိုတဲ့မေးခွန်းက ဟာလေ့ခေါင်းထဲရောက်သွားခဲ့ရ၏။ 

Hard Murder 2Where stories live. Discover now