ညီအစ်ကို-၂/ညီအစ္ကို-၂

285 27 17
                                    

(Uni) ကျိ ... အူးအူး ~ အူး ~~

တိမ်ကင်းစင်တဲ့မနက်ခင်းလေးတစ်ခု ပွင့်လင်းလာသောအချိန်တွင် အဆောက်အဦးများ၏အုတ်ကြွပ်မိုးများပေါ်၌ စားကျက်တည်ထားသောခိုငှက်လေးများ၏ မြည်တွန်သံက ပတ်၀န်းကျင်တစ်ခွင် ပျံ့နှံ့လို့လာခဲ့သည်။

သာယာစဖွယ်၊ လွမ်းမောစဖွယ် ခိုညည်းသံလေးများက နားထဲသို့ တစ်ဆတစ်ဆတိုး၀င်လာခဲ့တော့ နှစ်ခြိုက်စွာအိပ်မောကျနေသည့်ဟာလေမှာ အနည်းငယ်လူးလွန့်ပြီး နိုးလာရ၏။

ဟင်း~ ကျွတ်ကျွတ်

လှုပ်ရှားလိုက်မိသည့်အခါ တစ်ညလုံးအကြမ်းခံထားရသည့်ဒဏ်‌‌ကြောင့် ခါးတစ်လျှောက်ကိုက်ခဲတောင့်တင်းနေတဲ့အတွက် ဟာလေ တိတ်တိတ်လေးညည်းညူမိလျှက်။

°°° ဟင်း~ သူ မနိုးသေးတာပဲ °°°

သို့သော် ဒီမနက်ခင်းလေးကတော့ မျက်လုံးနှစ်လုံးဖွင့်ဖွင့်ချင်း သူ့ဘေးမှာ သူ့ပုခုံးပေါ်လက်တင်ပြီး အိပ်မောကျနေတဲ့အက်ဆစ်ကို မြင်ရ၍ ခါတိုင်းထက်ပိုပြီး ရင်ထဲကြည်နူးအေးမြသွားခဲ့တာ အမှန်ပင်။ ထိုလူသားလေးလည်း သူ့အပေါ် စိတ်ရှိသလို ဆိုးသွမ်းထားပြီး ပင်ပန်းကာအိပ်ပျော်နေမှန်းသိလေတော့ ဟာလေ ပြုံးစိစိဖြင့် သူ့နှာယောင်လေးအပေါ်သို့ လက်ညှိုးနှင့် အသာသွားထိကိုင်ကာ ကျီစယ်နေလိုက်၏။

" မကောင်းလိုက်တဲ့ လူဆိုးလေး "

အဲ့ဒီနောက် သူမကြားအောင် တိုးတီးရေရွတ်ရင်း
နှာတံလေးဆီကနေ နှုတ်ခမ်းလေးဆီ ရွေ့အဆင်း...

အ !

အက်ဆစ်ရဲ့မျက်၀န်းတွေက ဇတ်ခနဲပွင့်လာပြီး သူ့နှုတ်ခမ်းကို အနှောင့်ယှက်လာပေးတဲ့ထိုလက်ချောင်းထိပ်လေးကို မထိတရိကိုက်ခဲပစ်လာခဲ့သည်။

" အ အက်ဆစ် မင်းနိုးနေပြန်ပြီ "

" ကျုပ်ကို လူဆိုးလေးလို့ကျိန်ဆဲနေမှတော့ ကျုပ်နိုးပြီပေါ့။ နိုးနေခဲ့မယ်ဆိုတာလည်း ကြိုသိတယ်မဟုတ်ဘူးလား "

" အဲ့ဒါတော့ သိပေမယ့် ကိုက်လိမ့်မယ်လို့ မထင်ထားဘူးလေ "

" ဟဟား "

Hard Murder 2Where stories live. Discover now