နည်းနည်းလေး ရူးနေသည်/နည်းနည်းလေး ရူးနေသည်

249 37 28
                                    

(Uni) လူသူအ၀င်အထွက်ကင်းမဲ့နေသော အကျဉ်းခန်းတစ်ခုအတွင်း၌ အက်ဆစ်တစ်ယောက် အသက်မဲ့သောကျောက်ရုပ်ကဲ့သို့ ဆိတ်ငြိမ်စွာထိုင်နေလျှက်ရှိသည်။ သူ့ရဲ့လက်ကောက်၀တ်များနှင့် လည်တိုင်တစ်ခုတွင်‌တော့ ချုပ်နှောင်ထားသည့်သံကြိုးများဆီက ရုန်းကန်ထားမှုအတွက် ညိုမည်းစွဲကာ ပွန်းပဲ့ဒဏ်ရာများဖြစ်နေခဲ့၏။

°°° မင်းက တကယ့်အရှုံးသမားပဲ ဒိမ်မီယယ်။ မင်းပြောခဲ့တဲ့စကားကို ဟာလေ သိလိမ့်မယ်လို့ထင်သလား °°°
°°° ဟဟဟ သူက မင်းနဲ့တူတဲ့တစ်ခြားတစ်ယောက်ဆီမှာ သာယာနေရင်ရော ... °°°

°°° မာမီက သားကိုအထင်ကြီးခဲ့တာ။ လက်စသတ်တော့ မာမီ့အတွက်တောင် လက်စား‌ ချေမပေးနိုင်တဲ့ အလကားကောင်ဖြစ်နေပါလား °°°

ဟင်း--ဟင်း---
စိတ်ကိုတည်ငြိမ်ဖို့ ချုပ်တည်းထားပါလေတော့ သူကြားသိခဲ့ရတဲ့စကားတွေက သူ့အတွေးတွေကို ပြန်နှိပ်စက်လာပြီး သူ့ရဲ့ခပ်ပြင်းပြင်းရှူရှိုက်သံတွေဟာ အခန်းတွင်းသို့ ပဲ့တင်ထပ်လာခဲ့လေသည်။

°°° အက်ဆစ်...အက်ဆစ် °°°

သူ ထိုသို့စိတ်ရှုပ်ထွေးနေစဉ်ခဏ၌ သူရဲ့နားဖျားအနီးသို့ တီးတိုးခေါ်လာသောရင်းရင်းနှီးနှီးအသံကြောင့် အတင်းမှိတ်ထားသောမျက်၀န်းတစ်စုံဟာ အနည်းငယ်ပြေလျော့ကျသွားခဲ့၏။ အေးချမ်းပြီး ချိုသာလွန်းတဲ့ထိုအသံက ဟာလေ၏အသံပင်မဟုတ်ပါလား။

°°° အက်ဆစ် ဒီကိုကြည့်ပါဦး °°°

ထိုအသံဟာ လက်တွေ့လား အိပ်မက်လား မဝေခွဲနိုင်ပေမယ့် ဖွင့်ကြည့်လိုက်တဲ့မျက်၀န်းအစုံမှာ မြင်လိုက်ရသည်ကတော့ တကယ်ပဲဟာလေသာဖြစ်နေလေရာ -

" ဟာလေစံ? "

မယုံကြည်နိုင်သောအကြည့်မျိုးဖြင့် သူ့ရှေ့ရောက်နေသောဟာလေ့ကို အက်ဆစ် သေချာစူးစိုက်ကြည့်နေလိုက်မိသည်။ ဟာလေကတော့ သူ့ကိုပြန်ရှာတွေ့ခဲ့၍ ၀မ်းသာပျော်ရွှင်နေသောအပြုံးမျက်ရည်များဖြင့် ...

" တော်သေးတာပေါ့ မင်းဘာမဖြစ်လို့ တော်ပါသေးတယ်။ ငါလာရှာတာ နည်းနည်းတော့နောက်ကျသွားတယ်မဟုတ်လား။ ဘာပဲဖြစ်ဖြစ် ဒီကနေ အမြန်ထွက်သွားရအောင်နော် "

Hard Murder 2Where stories live. Discover now