အချစ်ရဲ့ဗီလိန်/အခ်စ္ရဲ႕ဗီလိန္

765 117 30
                                    

(Uni) သည်ရက်ပိုင်းအတွင်း အဆက်မပြတ်ဖွဲကျနေသောနှင်းမှုန်လေးများက အိမ်ခေါင်မိုးနှင့်မြေပြင်များကို နေရာအပြည့်ဖုံးအုပ်အနိုင်ယူပစ်ဖို့ ကြိုးစားနေလျှက်ရှိသည်။ အအေးဒဏ်ကလည်း ယခင်ကထက် ပိုဆိုးလာ၍ အပြင်ထွက်ကာ နှင်းဆော့နေသောကလေးသူငယ်တချို့ကို လူကြီးများက လိုက်ဆုံးမနေခဲ့ကြ၏။
ထိုသို့ အဆက်မပြတ်နှင်းကျခြင်း၏နောက်ဆက်တွဲလက္ခဏာက နှင်းမုန်တိုင်းတိုက်နိုင်ချေရှိ၍ လမ်းပေါ်တွင် ခါတိုင်းထက် လူခြေနည်းပါးနေလျှက်ရှိသည်။

သို့ပေမယ့် နှင်းမုန်တိုင်းမက ဆိုက်ကလုန်းတိုက်သွားလျှင်တောင် စုံစမ်းခြင်းကို မရပ်တန့်တဲ့ ဟာလေနှင့် မာဂရက်ကတော့ . . .

" မာဂရက်ပြောတဲ့အတိုင်းဆို မယ်ရီရာကန်ဒီနိုက အရာရာတိုင်းမှာ ပျော်ဝင်နိုင်စွမ်းရှိတော့ သူနဲ့အတူ ပါဝင်တဲ့အဆိပ်ပစ္စည်းတွေကို အာနိသင်ထိန်းထားပြီး ရေလိုဖြစ်သွားစေမယ်. . ။ ဒါဆို အဆိပ်ပါရင်တောင် မသိနိုင်တော့ဘူးဆိုတဲ့သဘောပဲ "

" ဟုတ်တယ် အကိုဟာလေ။ ဒီလိုဆိုရင် အဲ့ဒီအိမ်တွင်းလူသတ်မှုငါးခုစလုံးက အသစ်ဖန်တီးလိုက်တဲ့ဒီဆေးကြောင့်ပဲဖြစ်လိမ့်မယ် "

မာဂရက်ရဲ့ဆေးအကြောင်းရှင်းပြမှုတွေကို ဟာလေ နားထောင်ရင်း နှစ်ယောက်သား အိမ်တွင်းလူသတ်မှုဖြစ်ထားသည့်အိမ်တွေဆီသို့ ခေါင်းမာစွာနှင့် ထပ်စုံစမ်းဖို့ သွားဖြစ်ခဲ့ကြသည်။

" အကိုဟာလေ ဟိုအိမ်မဟုတ်လား "

ပြောရင်းဆိုရင်း အမှုနှင့်သက်ဆိုင်သည့်အိမ်တစ်အိမ်သို့ ရောက်သွား၍ မာဂရက် ဦးစွာ တံခါးပြေးခေါက်လိုက်တော့ . . အိမ်ထဲမှ ကျန်ရစ်သူ အဖိုးကြီးတစ်ယောက်က တံခါးဖွင့်ပေးလာခဲ့၏။ အိုမင်းချိနဲ့ပြီး ဝမ်းနည်းနေသည့်ပုံစံဖြင့် ဟာလေတို့ကိုကြိုဆိုလာသည်။

" ဘာကိစ္စများပါလဲ ။ ဒီလောက်လူအသက်တွေပေးဆပ်ထားပြီးပြီ မလုံလောက်သေးလို့ အကြွေးထပ်လာတောင်းကြတာလား? "

" အာ အဖိုး။ မဟုတ်ပါဘူးရှင့်။ သမီးတို့က သတင်းထောက်တွေပါ။ ဒီသေဆုံးမှုအကြောင်းကို မေးစရာလေးတွေရှိလို့ ပူးပေါင်းပေးဖို့မျှော်လင့်ပါတယ် အဖိုး။

Hard Murder 2Where stories live. Discover now