1.1K 152 33
(Uni) °°° ရှင်က သိပ်ကိုရွံစရာကောင်းလွန်းတယ်။ ရှင့်ကို မုန်းတယ်။ သတ်ပစ်ချင်လောက်အောင် မုန်းတယ် °°° 
°°° ဒါလင်က လက်ပိုက်ကြည့်နေမှာမဟုတ်ဘူး။ ရှင်တို့ အသေဆိုးနဲ့သေရလိမ့်မယ် °°°
လူတစ်ယောက်ကို သတ်တယ်ဆိုတဲ့လုပ်ရက်က စကားနဲ့ပြောရင် နှစ်လုံးတည်းနဲ့ လွယ်ကူရိုးရှင်းလွန်းပေမယ့် တကယ့်လက်တွေ့မှာတော့ အရမ်းခက်ခဲတဲ့အရာတစ်ခုပါ။ ဥပမာပြောရရင် . . ကိုယ်နဲ့ သိကျွမ်းခင်မင်ဖူးသူ ဒါမှမဟုတ် ကိုယ်နဲ့ချစ်ခဲ့တဲ့သူတစ်ယောက်ကို သတ်ပစ်ခဲ့တာမျိုးပေါ့ . . ။
သူ့အကြောင်းတွေ သူ့ရဲ့ပုံရိပ်တွေက ကိုယ့်ရဲ့မျက်ဝန်းထဲမှာ အကြိမ်ကြိမ်ထင်ဟပ်နေတတ်ပြီး အထူးသဖြင့် သူ့ကိုသတ်ပစ်ခဲ့တဲ့အချိန်တုန်းက မြင်ကွင်းတွေက . . ကိုယ့်အတွက် ဆိုးသွပ်တဲ့ပုံရိပ်တွေလို ကိုယ့်အနားမှာ ဝဲလည်ရစ်နေတတ်တာမျိုး . . .
ဟင်း . . အင်း . . .
အလားတူပဲ တန်ဖိုးထားပြီး ချစ်ခဲ့မိတဲ့မိန်းမတစ်ယောက်ကို ကိုယ့်လက်နဲ့ကိုယ်တိုင် သတ်ပစ်ခဲ့မိတဲ့ဟာလေမှာ ညတိုင်း သူမရဲ့ကျိန်စာဆန်တဲ့စကားသံတွေကို ပြန်ကြားယောင်ရင်း ဂယောင်ဂတမ်းဖြစ်နေခဲ့ရလေသည်။ အဲ့ဒီညက ပုံရိပ်တွေကလည်း သူ့မျက်ဝန်းထဲက မထွက်နိုင်ပဲ အိပ်မက်ဆိုးအဖြစ် သူ့ကို ဖက်တွယ်နေခဲ့ကြသည်။
အဲ့ဒီညက . . . နယူးယောက်က ထွက်မခွါခင် အဲ့ဒီညက . . .
ဒုန်း . . .
" အာ. . အက်ဆစ် ဖြည်းဖြည်း ငါ အသက်ရှူကြပ် အွတ် "
အက်ဆစ်ဟာ သူ့ကို ပြင်းပြင်းထန်ထန်နမ်းရှိုက်ယူနေခဲ့သည်။ သူ့ရဲ့အင်္ကိျီတွေကိုလည်း အတင်းဆွဲဖြဲပြီး သူ့ကို အဝတ်ဗီရိုရှေ့သို့ ဖိချသည်။ ထို့နောက် တစ်ကိုယ်လုံးကို အရိုင်းဆန်စွာ ကိုင်တွယ်ရင်း သူ့ရဲ့အထဲကို နယ်ကျွံဝင်ရောက်လာခဲ့သည်။
" ဟ့ ချစ်တယ် အက်ဆစ် . . ဟာ~ "
အက်ဆစ်ရဲ့လှုပ်ရှားမှုတိုင်းမှာလည်း သူ စိတ်လွတ်လက်လွတ် ညည်းမိရင်း သာယာမှုအထွဋ်အထိတ်ဆီကို ခရီးဆက်နေခဲ့ကြသည်။ အဲ့ဒီအချိန်မှာ . . .
အင်းအင်း~ ဟင်း~
သူ့ရဲ့ညည်းသံမဟုတ်ပဲ တစ်စုံတစ်ယောက်ရဲ့ရှိုက်သံကိုလည်း ဟာလေ ကြားခဲ့လိုက်ရသည်။ နားကြားမှားတယ်လို့ ထင်မိပေမယ့်လည်း သူတို့အနားက အဝတ်ဗီရိုထဲက အသံထွက်နေတာမို့ . . ဟာလေ့ရဲ့သိချင်စိတ်တွေ ပြင်းထန်လာခဲ့သည်။
Hard Murder 2Where stories live. Discover now