659 113 18
(Uni) " ဒါက နောက်ဆုံးရိုက်ယူမိထားတဲ့မှတ်တမ်းတစ်ခုပါ။ မတော်တဆဖြစ်တဲ့နေရာက မဟုတ်ပေမယ့် ဒီဘက်က ဆိုင်ကယ်ကို ထျန်ရှင်းကွေ့လာတဲ့အချိန်နဲ့ တစ်ဖက်က ကားထွက်လာတဲ့အချိန်မှတ်တမ်းက ကွက်တိဖြစ်နေပါတယ်။ "
" ဒါဆို အဲ့ဒီကားကို စုံစမ်းကြည့်ရင်ရော? "
" လိုင်စင်က အတုလို့ သိရပါတယ်။ ပြီးတော့ အဝင်အထွက်ဂိတ်တွေကလည်း အဲ့ဒီလို လိုင်စင်နဲ့မော်ဒယ်နိမ့်တဲ့ကားမျိုး မတွေ့ဘူးလို့ ဖြေဆိုကြတယ်။ ကြည့်ရတာ ကားကို လက်စဖျောက်လိုက်ပြီထင်တယ် "
အိမ်အပြန်လမ်းမှာ ထျန်ရှင်း ရက်ရက်စက်စက်အသတ်ခံလိုက်ရတဲ့အကြောင်းကို သိထားတဲ့အကြီးအကဲချန်ရ်ဟာ တရားခံပေါ်ပေါက်ဖို့အရေး နည်းမျိုးစုံနှင့် အဖြေရှာခဲ့မိသည်။
သို့သော် အချိန်တွေသာ ကုန်သွားပေမယ့် တရားခံကို အခုထက်ထိ စုံစမ်းနိုင်ခြင်းမရှိပေ။
*** ဘယ်သူများလဲ? လူသတ်တဲ့နေရာမှာ ကျင့်သားရထားသလိုမျိုး သေသပ်တဲ့အဲ့ဒီလူက ဘယ်သူဖြစ်မလဲ? ထျန်ရှင်းကို ဘာရည်ရွယ်ချက်နဲ့သတ်ရတာလဲ? ***
ထျန်ရှင်းဟာ သူ့အတွက် ညီအကိုလို ခင်မင်ရတဲ့ဘက်တော်သားတစ်ဦးဖြစ်ပါသည်။ ဘယ်နေရာမှာမဆို သူမျက်စိမှိတ်ယုံကြည်ရလောက်သည်အထိ ထျန်ရှင်းက ဒုစရိုက်ပိုင်းမှာ ကျွမ်းကျင်သူဖြစ်ခဲ့သည်။ ဒါပေမယ့် ဘယ်လိုလူကများ သူ့ကို သေမင်းဆီ ပို့ဆောင်ခဲ့သလဲဆိုတဲ့အချက်က အကြီးအကဲချန်ရ်ကို ခေါင်းစားစေခဲ့၏။
ထျန်ရှင်းကို ဒီလောက်တောင် အမုန်းပွါးနေခဲ့လျှင် သူ့ကိုလည်း ရန်ငြှိုးကင်းလောက်မည်မဟုတ်ဟု တွေးကာ ကြောက်လန့်ပြီး သူ့အခန်းကို လုံခြုံရေးအပြည့်ချထားမိလေသည်။ ခေါင်းဆောင်တစ်ယောက်မို့ အပြင်မထွက်ပဲ လက်ညှိုးညွှန်ပြီး ခိုင်းနိုင်ပေမယ့် အန္တရာယ်ဆိုတာ အတွင်းရောအပြင်ရောက ရောက်လာနိုင်တာမို့ အခုလို စီမံလိုက်ခြင်းဖြစ်၏။
" သံသယဖြစ်စရာ တစ်ယောက်တော့ရှိတယ် ပါပါး "
ထိုစဉ် ထျန်ရှင်းရဲ့နောက်မှာ တပည့်ခံပြီး သွားရာတကောက်ကောက်လိုက်ခဲ့တဲ့ လူတစ်ယောက်က အကြီးအကဲချန်ရ်အား သဲလွန်စပေးလာခဲ့သည်။
Hard Murder 2Where stories live. Discover now