ကိုယ့်ရဲ့Hard Murder/ကိုယ့္ရဲ႕Hard Murder

495 39 13
                                    

(Uni) အု..ဟွတ်~
အွင်း....

နူးညံ့နွေးထွေးတဲ့အထိအတွေ့လေးဆီမှာ မက်မောစွာ နစ်မျောနေမိခဲ့တဲ့သူတို့နှစ်ဦးရဲ့နမ်းရှိုက်သံတွေဟာ ပိုလို့ပြင်းထန်လာရင်း ပို၍ပူလောင်လာရင်း အခန်းတွင်းလေးထဲမှာ တသဲ့သဲ့ပျံ့နှံ့လျှက်ရှိနေခဲ့သည်။

အွတ် အင်း...
ဟာလေမှာလည်း ဝေးကွာခဲ့ရတဲ့အခိုက်အတန့်တွေအတွက် အက်ဆစ်နှုတ်ခမ်းကို အတိုးချပြီးနမ်းစုပ်ထားမိတော့ အက်ဆစ်က သူ့ရဲ့လျှာကို ဟာလေ့ခံတွင်းထဲသို့ တိုးဝှေ့နယ်ချဲ့ရင်း အသက်ရှူကြပ်လုမတတ် ပြန်စုပ်ယူထားခဲ့သည်။

အက်ဆစ်ရဲ့ဆံဖျားတွေဆီက တစက်စက်ပြုတ်ကျလာတဲ့ရေစက်လေးရဲ့ထိရိုက်မှုကလည်း ဟာလေ့ရဲ့ပါးပြင်တွေကတစ်ဆင့် နားဖျားနှင့်လည်တိုင်အထိ လျှောသပ်ကျီစယ်လာတဲ့အခါ
စိတ်တွေမရိုးမယွဖြစ်လာပြီး ခါးမှာပတ်ထားတဲ့အက်ဆစ်ရဲ့တဘက်ကို ဆွဲဖြုတ်ဖို့ ဟာလေကြိုးစားလိုက်မိသည်။

သို့သော် အက်ဆစ်က အနမ်းကိုရပ်ပြီး သူ့လက်ကိုပြန်တားလိုက်၏။

" ဘာလို့လဲ "

" ခင်ဗျား အဲ့ဒီလိုလုပ်လို့မရဘူး "

" ဘာလို့လဲ မင်းငါ့ကိုစိတ်ဆိုးနေသေးတုန်းလား။ ဆိုးလည်းဆိုးချင်စရာပါပဲ မင်းငါ့ကို ဘယ်လောက်ထိချစ်လဲဆိုတာသိသိကြီးနဲ့ ငါမင်းကို အမေ့အတွက် အော်ခဲ့မိတယ်။ မင်းဘက်မှာ မရှိပေးခဲ့ဘူး။ ဒါပေမယ့် အဲ့ဒီအကြောင်းကိုပြန်တွေးတိုင်း အခုချိန်ထိ ငါစိတ်မကောင်းဖြစ်နေမိခဲ့တာပါ။ ငါ တကယ်တောင်းပန်ပါတယ်နော် အက်ဆစ် ငါ့ကိုခွင့်လွှတ်‌ပေးပါနော် "

အက်ဆစ် ဘာအတွက်တားသလဲဆိုတာ ဟာလေသေချာမသိပဲ သူ့စိတ်ထဲမှာ ၀မ်းနည်းနေခဲ့ရတဲ့အကြောင်းအရင်းကိုပြောရင်း မျက်၀န်းထဲမှာ မျက်ရည်ကြည်တွေခိုကပ်လာခဲ့တော့သည်။

" ခင်ဗျား ဘာတွေပြောနေတာလဲ။ အဲ့ဒီလိုလုပ်လို့မရဘူးဆိုတာ ခင်ဗျားကိုယ်ခင်ဗျားပြန်ကြည့်ဦးလေ။ ခံနိုင်မယ့်ပုံပေါ်နေလို့လား "

" ဟင် ! "

သို့သော် အက်ဆစ်ရဲ့ဒဲ့တိုးပြောလာတဲ့အဖြေကြောင့် ဟာလေ သူ့ကိုယ်သူတစ်ချက်ပြန်တွေးမိသွားရသည်။ တကယ်လည်း စောင်လွှားထားတဲ့အောက်က ပေါင်နှစ်ဖက်မှာ ပတ်တီးအလိပ်လိုက်နှင့် သေနတ်ဒဏ်ရာတွေရှိပြီး လက်တစ်ဖက်မှာလည်း ဒဏ်ရာကြောင့် ကိုက်ခဲနေခဲ့တာကို သတိပြန်၀င်မိတော့ မျက်ရည်ဝိုင်းလည်ဖြင့်သူ့မှာ ရှက်ရှက်နဲ့မသိမသာပြန်ပြုံးမိပါရဲ့။

Hard Murder 2Where stories live. Discover now