(Uni) အနည်းငယ် မိုးဖွဲဖွဲကျနေသော ညလေးတစ်ညတွင် နယူးယောက်မြို့ရဲ့ဆိပ်ကမ်းတစ်နေရာဖြစ်တဲ့ ဘရော့လန်းရှိ ကျောက်ဆူးချထားသောထိပ်တန်းသဘောၤတစ်စင်းဟာ မီးရောင်စုံဖြင့် ခမ်းနားထည်ဝါ၍နေနေသည်။
" ဟားဟား အခုလိုလူစုံတက်စုံတွေ့ဆုံရဖို့ဆိုတာ လွယ်တာမှမဟုတ်တာ။ ဒီညကတော့ တကယ်မင်္ဂလာရှိတဲ့ညလေးပါပဲ "
ထိုသဘောၤကြီးရဲ့ အထက်ပိုင်းခန်းမတစ်ခုအတွင်းမှာ ဂုဏ်သရေရှိလူကြီးများ စုဖွဲ့နှောင်ပြီး ပါတီပွဲတစ်ခုကျင်းပနေခဲ့ကြ၏။ စိန်ရောင်တောက်ပြောင်နေသောမီးပန်းဆွဲကြီးများ၊ သန့်ရှင်းသပ်ရပ်ပြီးစမတ်ကျသော ဝိတ်တာများနှင့် ခန်းဝင်ပြင်ဆင်ပုံများဟာလည်း အထက်တန်းဆန်လွန်းလှသည်။
ထိုခန်းမကြီးရဲ့ စားပွဲရှည်ကြီးပေါ်မှာတော့ ဂရိတ်စားသောက်ပွဲများပြည့်နှက်နေပြီး အရာရှိတစ်ယောက်အနေနဲ့ မဖိတ်မဖြစ်တဲ့ ဗင်ဇယ်က စားပွဲရဲ့ညာဘက်ခြမ်းတွင် နေရာယူနေခဲ့သည်။ သူနှင့်မျက်နှာချင်းဆိုင်တစ်ဖက်မှာတော့ သူ၏ပြိုင်ဘက်နီးနီးဖြစ်နေသော ဝန်ကြီးချုပ်စိန့်စတီဗင်ရှိနေလေ၏။" ဒီနေ့ရဲ့အဓိကမီနူးအတွက် ကျုပ်ရွေးထားတာကတော့ စကော့တလန်ကနေ အထူးမှာထားတဲ့မြင်းသားစတိတ်ခ်ပါပဲ။ အားလုံး သဘောကျလိမ့်မယ်လို့ထင်ပါတယ် ချီယား "
ထို့နောက် တွေ့ဆုံပွဲကိုစတင်ခဲ့တဲ့သူက သူစီစဉ်ထားတဲ့ဟင်းပွဲတွေကို ဦးစွာမိတ်ဆက်ပြီး ရှန်ပိန်ခွက်များကို မြှောက်စေခဲ့သည်။ နောက်တော့ အရန်သင့်ပြင်ထားသော ဟင်းပွဲများကို အားလုံးမြည်းစမ်းကြရင်း ...
" သြော် ဒါနဲ့ ရွေးကောက်ပွဲကာလတောင် ပြီးခါနီးနေပြီနော် "
အဖြူရောင်ပန်းကန်ပြားထက်က မြင်းသားစတိတ်ခ်ကို ဓါးဖြင့်ထိုးဖြတ်နေရင်း အရာရှိတစ်ဦးမှ စကားစဆိုလာခဲ့သည်။ ထိုရွေးကောက်ပွဲမှာ အဓိက စိတ်လှုပ်ရှားနေရဆုံး ယှဉ်ပြိုင်သူနှစ်ဦးက စိန့်စတီဗင်နှင့် ဗင်ဇယ် မဟုတ်ပါလား။
ထို့ကြောင့် သူ့စကားအဆုံးမှာ အားလုံးလည်း ထိုသို့သဘောပေါက်လိုက်ကြပြီး သူတို့နှစ်ဦးကို မျင်လုံးပင့်ကြည့်လာကြသည်။
YOU ARE READING
Hard Murder 2
Mysterie / Thriller(Uni)စိတ္တဇလူသတ်သမားတစ်ဦးနှင့်ချစ်ကြိုက်မိခြင်း ဤFictionသည် Psycho 18+အမျိုးအစားဖြစ်၍ စိတ်ပိုင်းဆိုင်ရာ အားနည်းသူများနှင့် နှလုံးအခံရှိသူများ ဖတ်ရန် မသင့်လျော်ပါ။ စာရေးသူ ကိုယ်ပိုင်ဖန်တီးထားသော မူပိုင်ဝတ္ထုတစ်ပုဒ်ဖြစ်ပြီး မည်သူတစ်ဦးတစ်ယောက်ကိုမျှ ထ...