(Uni) အပြင်လောကမှာ ဘာတွေဖြစ်နေလဲမသိတဲ့ မစ္စတာဂျွန်တစ်ယောက်ကတော့ မှန်လုံစမ်းသပ်ခန်းထဲမှာပဲ သူ့ရဲ့တီထွင်ဖန်တီးမှုတွေကို စစ်ဆေးကြည့်ရှုရင်းသာ ရှိနေခဲ့သည်။ အိုမင်းနေပြီဖြစ်သောသူ့မျက်ရစ်တွဲများကလည်း အသစ်အဆန်းတွေအတွက် စိတ်အားထက်သန်နေသလို ...
ဂျစ်ဂျစ်ဂျစ်...
ထိုစဥ် ရုတ်တရက်ဆိုသလို ဖန်မီးချောင်းများမှ မှိတ်ချည်ပွင့်ချည်လျှောက်ပြေးလာ၍ မစ္စတာဂျွန် စိတ်အနှောင့်ယှက်ဖြစ်သွားခဲ့ရ၏။
" ဟေး ဘယ်သူမှမရှိကြဘူးလား "
မီးချောင်းတွေကိုပြင်ဆင်ဖို့ လူလှမ်းခေါ်မိသော်လည်း ဘယ်သူမှပေါ်မလာခဲ့၍ ထိုတလက်လက်မီးရောင်များအောက်မှာပဲ သူခေါင်းမူးချင်သလိုဖြစ်လာလေသည်။
ဟာ...ကျစ်
အဲ့ဒီနောက် မီးချောင်းများက လုံး၀အမှောင်ကျသွားပြီး တိတ်ဆိတ်မည်းမှောင်သွားသောအခိုက်အတန့်တစ်ခု၌ မိန်းမတစ်ယောက်ရဲ့တိုးတီးခေါ်ဆိုသံက သူ့နားထဲ ရုတ်ချည်းတိုး၀င်လာခဲ့၏။
°°° မစ္စတာဂျွန် °°°
ထိုအသံကား ဘယ်သောအခါမှ မေ့ပျောက်၍မရနိုင်သော ပန်ထရက်သွန်ဆိုသည့်မိန်းမ၏အသံဖြစ်နေတဲ့အတွက် အသံလားရာကို သူလှည့်ကြည့်မိပါတော့ ...
အားးး....
ထိုမိန်းမဟာ သူ့ဘေးစားပွဲခုံမှာ ဆံပင်ဖားလျားနှင့် ခေါင်းငိုက်စိုက်ချကာ ထိုင်နေတာတွေ့လိုက်ရပြီး နီရဲတောက်နေအောင်ဆိုးထားသောနှုတ်ခမ်းတစ်စုံက သူ့အား သွား၃၂ချောင်းပေါ်အောင် ပြုံးရယ်ပြနေတာကို တွေ့လိုက်ရလေသည်။
ခလွမ်... ခွမ် ...
မြင်မြင်ချင်းပဲ မစ္စတာဂျွန် ထိတ်လန့်ပြီး ထပြေးပေမယ့် တုန်ချိနေတဲ့ခြေထောက်တွေကြောင့် ဘေးစားပွဲကို ၀င်တိုက်မိကာ ထိုအပေါ်က ဆေးဖန်ခွက်များ ကြမ်းပြင်သို့ ကွဲကျကုန်သည့်အပြင် ထိုဖန်ကွဲစများက ဒရွတ်တိုက်လဲကျသွားသောမစ္စတာဂျွန်၏ခြေတွေလက်တွေကို စူးဝင်ကုန်ပြီး သွေးများထွက်ကျလာခဲ့ရ၏။
အား...အား...
နာကျင်မှုနှင့်ကြောက်လန့်မှုရောပြီး မစ္စတာဂျွန်တစ်ယောက် သွေးပျက်မတတ်အော်ဟစ်ရင်း ထိုစားပွဲကို ပြန်လှည့်ကြည့်လိုက်ပါတော့ ...
YOU ARE READING
Hard Murder 2
Misterio / Suspenso(Uni)စိတ္တဇလူသတ်သမားတစ်ဦးနှင့်ချစ်ကြိုက်မိခြင်း ဤFictionသည် Psycho 18+အမျိုးအစားဖြစ်၍ စိတ်ပိုင်းဆိုင်ရာ အားနည်းသူများနှင့် နှလုံးအခံရှိသူများ ဖတ်ရန် မသင့်လျော်ပါ။ စာရေးသူ ကိုယ်ပိုင်ဖန်တီးထားသော မူပိုင်ဝတ္ထုတစ်ပုဒ်ဖြစ်ပြီး မည်သူတစ်ဦးတစ်ယောက်ကိုမျှ ထ...
