ညီအစ်ကို-၁/ညီအစ္ကို-၁

186 22 2
                                    

(Uni) " ကျေးဇူးတင်ပါတယ် မစ်ကတ်သီ။ အလုပ်က နားလိုက်ပေမယ့် အကူအညီတောင်းစရာက မစ်ကတ်သီပဲ ရှိလို့ပါ "

" အို မဟုတ်တာရှင်။ နဂိုကတည်းက ဒယ်ရင်လေးကို ကျွန်မက တအားချစ်နေတာပါနော် ဦးရဲ့။ အခုလို စောင့်ရှောက်ခွင့်ပေးလာတော့ ကျွန်မဖြင့် အရမ်းပျော်တာပဲ "

နေ့ခင်းလေးတစ်ခုအောက်က စတိုးဆိုင်လေးမှာ ‌ဖခင်ဖြစ်သူနှင့်အတူတူ ရောက်ရှိနေတဲ့ဒယ်ရင်လေးမှာတော့ ကျောပိုးအိတ်လွယ်လျှက်သားလေးနှင့် လက်နှစ်ဖက်က အရုပ်လေးတစ်ရုပ်ကို ပိုက်ထားကာ ဖခင်အား ပြူးလည်လည်ဖြင့် စိုက်ကြည့်နေခဲ့သည်။ ဤမျက်၀န်းလေးများကား ဖခင်နှင့်ဝေးရမည်ကို ကြိုသိနေ၍ ၀မ်းနည်းနေသလို။

" ကဲ ဒယ်ရင်လေး မမနဲ့အတူနေမယ်မဟုတ်လားဟင်။ မမက မုန့်တွေလည်း အများကြီးကျွေးမယ်။ ပြီးရင် ဒယ်ရင်လေးကို မူကြိုကျောင်းက သူငယ်ချင်းတွေဆီ နေ့တိုင်းလိုက်ပို့မယ်နော် "

" ဖေဖေ "

မိန်းကလေးကတ်သီက တယုတယခေါ်ပေမယ့် ဒယ်ရင်ဟာ သူ့အဖေ၏အင်္ကျီစကိုဆွဲကာ ပေကပ်ကပ်လေးလုပ်နေမိ၏။ ညှင်သာသေးငယ်တဲ့ဒီခေါ်သံလေးကို ခရစ်တန်လည်း ဘယ်ဥပေက္ခာပြုရက်ပါ့မလဲ။
သို့သော် ဒီနေရာနဲ့အဝေးဆုံးမှာ သူအတတ်နိုင်ဆုံးဖွက်ထားပေးရမယ့်ကောင်လေးတစ်ယောက်ရှိနေတော့ သူ့ရဲ့အခြေအမြစ်မရှိတဲ့လုပ်ရက်တွေကြောင့် သားလေးရဲ့အနာဂတ်နဲ့ပျော်ရွှင်မှုတွေကို မမှေးမှိန်စေလိုပါ။ ဒါ့ကြောင့်ပဲ သားလေးအတွက် စိတ်ချရမယ့် မစ်ကတ်သီဆီမှာ သူခဏလာအပ်ခဲ့ခြင်းသာဖြစ်၏။

" သား ဒယ်ရင်လေး၊ သားလေးက ဖေဖေနဲ့ပြန်လိုက်ခဲ့ချင်တာ ဖေဖေသိပါတယ်။ ဒါပေမယ့် သားလေးအတွက် အဆင်ပြေမှာမဟုတ်ဘူးလေ "

" အဆင်ပြေအောင်လို့ ဟိုကိုကြီးကို ထောင်ထဲထည့်လိုက်ရင် ရတာပဲမဟုတ်ဘူးလား။ အဲ့ဒီကိုကြီးက ကြောက်စရာမျက်လုံးတွေနဲ့ သားကို အော်တယ် ဆူတယ်။ သား အဲ့ဒီကိုကြီးကိုမုန်းတယ် "

" အဲ့ဒီလိုမပြောရဘူးလေ သားလေးရဲ့။ အမုန်းတရားကို အငြှိုးနဲ့ပြန်တုံ့ပြန်ရင် အမှားတွေပဲ ရတတ်တယ် သားလေး မှတ်ထားနော်။ ပြီးတော့ အဲ့ဒီကိုကြီးက လူဆိုးတစ်ယောက်မဟုတ်ခဲ့ပါဘူး။ အားလုံးက ဖေဖေ့ကြောင့်ဖြစ်ရတာမို့ ဖေဖေအကောင်းဆုံးကြိုးစားပါ့မယ်။ သားလေးက ဒီမှာ လိမ်လိမ်မာမာနေခဲ့နော်။ မကြာမကြာ လာတွေ့မှာပါ "

Hard Murder 2Where stories live. Discover now