ညှို့ချက်ပြင်းပြင်း/ညှို့ချက်ပြင်းပြင်း

764 109 40
                                    

(Uni) # ကယ်လီဖိုးနီယား၌ ဇွန်လ ၇ရက်၊ သြဂုတ်လ ၂၁ရက်နှင့် သြဂုတ်လကုန်တွင် အိမ်တွင်းလူသတ်မှု ၅ကြိမ်တိုင် ဖြစ်ပွါး။ ဒီလူသတ်မှုတွေဟာ အိမ်ထောင်ရေးမပြေလည်မှုတွေကြောင့်လား? နောက်ကွယ်မှာ တစ်ခြားအကြောင်းအရာတွေရှိနေသေးလား ဆိုတာ မှုခင်းဌါနမှ စစ်ဆေးနေဆဲဖြစ်ပါတယ် #

သတင်းကြေညာသူမိန်းမတစ်ဦး၏ တင်ဆက်နေမှုကို တီဗီဖန်သားပြင်ကနေ မိန့်မိန့်ကြီးထိုင်ကြည့်နေသော လူတစ်ဦး။
သွေးပျက်စွာ သေဆုံးနေကြသော လူများ၏မှတ်တမ်းတွေက သူ့အတွက် အောင်မြင်တဲ့အကျိုးရလာဒ်တစ်ခုကဲ့သို့ စီးကရက်ခိုးတွေဝေနေတဲ့သူ၏နှုတ်ခမ်း၌ အပြုံးတွေ ဝေနေခဲ့၏။

" ပါပါး ကျွန်တော်ပါ "

ထိုစဉ် သူ့ရဲ့ဇိမ်ခံအခန်းကြီးထဲသို့ တပည့်တစ်ဦးက ဝင်ခွင့်တောင်းလာတော့ . . . ကျောမှီထားတဲ့ဆွတ်ဖာခုံကနေ ကိုယ်ကို မတ်မတ်ထိုင်လိုက်ပြီး တီဗီကို ပိတ်ပစ်လိုက်လေသည်။

" အင်း ဝင်ခဲ့ "

ပြီးနောက်မှ ဖိုင်တစ်ခုကို ကိုင်လာတဲ့ တပည့်ဖြစ်သူအား သူ့ဆီသို့ ခစားစေလိုက်၏။ ထိုလူကတော့ သူ့ရှေ့မှာ ဒူးထောက်ချပြီး ဖိုင်တွေကို စားပွဲပေါ်သို့ တင်ပေးလာသည်။

" ဒါက သူတို့တွေပိုင်ဆိုင်တဲ့ ဆိုင်ခန်းနဲ့ မြေယာတွေပါ ပါပါး။ ဒီနေ့ကစပြီး အဲ့ဒါတွေအားလုံးက ပါပါးအပိုင်ဖြစ်ကြောင်း စာချုပ်လုပ်ထားလိုက်ပါပြီ။ စစ်ကြည့်ပါဦး "

တကယ်တော့ ဆွတ်ဖာမှာ အငြိမ့်သားထိုင်ပြီး လူအများရဲ့ရိုကျိုးမှုကို ခံယူနေတဲ့ ပါပါးဆိုတဲ့လူဟာ ဟေးရန်ဂိုဏ်းရဲ့ အကြီးအကဲချန်ရ်သာ ဖြစ်ပါသည်။ အသက် ၆၀နီးပါးရှိပြီး ဝဝဖိုင့်ဖိုင့် ထိုအမျိုးသားကြီးက ကျားအိုကြီးတစ်ကောင်ကဲ့သို့ မာန်အပြည့်နှင့် အရှိန်အဝါကောင်းနေသေးသည်။
ဆံချည်မျှင် တစ်စတလေမျှ မထားပဲ တင်းပြောင်ဝင်းလဲ့နေတဲ့ ဦးခေါင်းရဲ့ညာဘက်မှာ နဂါးပုံတက်တူးထိုးထားပြီး မုတ်ဆိတ်မွှေးခပ်ရေးရေးက နှုတ်ခမ်းထက်မှာ ခံ့ညားမှုကို ဆောင်ကြည်းပေးနေသည်။

အရွယ်အိုနေပေမယ့်လည်း ဝတ်စားဆင်ယင်ပုံက အထက်တန်းစားအကြီးအကဲရဲ့ဟန်ပန်ကို မပျက်စေရန် ထိန်းထားပေးသည်။ ဒါ့အပြင် အမြတ်ရဖို့အတွက်ဆို ဘာကိုမှ ငဲ့မတွက်တတ်တဲ့သူ့ရဲ့မျက်ဝန်းတွေက ကောက်ကျစ်စဉ်းလဲ့သည့်အလားသဏ္ဍာန်သို့ . . .

Hard Murder 2Where stories live. Discover now