လုပျကွံသူ/လုပ်ကြံသူ

331 61 12
                                    

(Uni) " ဒီဘက်အပိုင်းတွေက မြေအောက်ခန်း မပါပေမယ့် ထပ်ခိုးတော့ရှိတာမို့ ကြွက်တို့ ပိုးဟပ်တို့ကို သေချာနှင်ထုတ်မှရမယ်ထင်တယ်။ "

အားလပ်ရက်တွေရှိမှ လူတွေ အပန်းဖြေအငှါးလာနေတတ်တဲ့ လုံးချင်းအိမ်တန်းလေးတွေထဲက တစ်လုံးမှာ ငှါးရမ်းနေထိုင်မည့်ခရစ်တန်နှင့် ပွဲစားတို့ စကားစမြည်ပြောနေခဲ့ကြ၏။
သေသပ်မှုရှိတဲ့နှစ်ထပ်အိမ်ငယ်လေးဖြစ်ပြီး တိတ်ဆိတ်တဲ့ပတ်ဝန်းကျင်ရှိနေ၍ ထိုအိမ်လေးကို ရွေးချယ်ဖို့ ခရစ်တန်ဆုံးဖြတ်လိုက်သည်။

" လူမနေတာကြာတော့ ဒါတွေက ရှိတတ်မှာပဲလေ။ ရေမီးအစုံရရင်ပဲ အဆင်ပြေပါတယ်။ "

" ဟုတ်တယ်။ ဒီဘက်အပိုင်းတွေက အပန်းဖြေတဲ့အချိန်ပဲ လူတွေလာကြတာများတော့ အမြဲလိုလိုတိတ်ဆိတ်နေတတ်တယ်။ ဒါပေမယ့် လမ်းတကျော့လျှောက်လိုက်ရင်တော့ စတိုးဆိုင်တွေတွေ့ရပါလိမ့်မယ်။ ညညတော့ သတိထားနေကြပေါ့ "

" ဟုတ်ကဲ့ ကျုပ်သဘောပေါက်ပါတယ် "

လုံးချင်းတိုက်တန်းလေးတွေရဲ့ အနောက်တစ်ကျောမှာ ခဲနေတဲ့ရေကန်ကြီးနဲ့ သစ်တောအုပ်တစ်အုပ်ရှိတာမို့ တောကောင်တချို့အတွက် သတိပေးခြင်းဖြစ်သည်။

" ဒါဆို ငွေပေးချေရမယ့်ရက်ကို အကောင့်ကနေ လွှဲပေးလိုက်ပါ။ ဒါက အငှါးစာချုပ် "

" ကောင်းပါပြီ။ အခုလိုအဆင်ပြေအောင်လုပ်ပေးလို့ ကျေးဇူးတင်ပါတယ် မစ္စတာ "

" ဒါကျွန်တော်တို့အလုပ်ပဲလေ။ ရပါတယ်ဗျာ။ ဒါနဲ့ မစ္စတာက လော့အိန်ဂျလိစ်ကနေ ဒီကိုဘာလို့ပြောင်းလာတာလဲ "

ပွဲစားက သိချင်စိတ်ဖြင့် စပ်စုတော့ ဒယ်ရင်လေးလက်ကို ဆုပ်ကိုင်ထားတဲ့ခရစ်တန်ရဲ့လက်တွေပို၍ တင်းကြပ်သွားပြီး မျက်နှာထားက ခပ်တန်းတန်းဖြစ်သွားခဲ့လေ၏။

" လူတစ်ယောက်ကို လာရှာတာပါ "

" သြော် ဒါဆို မစ္စတာ ရှာတဲ့လူလည်း အမြန်ဆုံးတွေ့နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်ဗျ။ ဟိုးဘက်နှစ်အိမ်ကျော်မှာလည်း မစ္စတာလို အငှါးနေတဲ့လူတစ်ယောက်ရှိတယ်။ စိတ်ရှိရင် မိတ်ဆွေဖွဲ့ပြီး နေကြပေါ့ဗျာ။ "

Hard Murder 2Where stories live. Discover now