(Uni) အဟွတ်~ ~ အဟွတ်
ရင်ဘတ်သို့ အဆက်မပြတ်ဖိခြင်းခံရပြီးနောက် လည်မြိုဝမှ စပ်ဖျင်းဖျင်းဖြင့် ရေတချို့ အန်ထွက်လာပြီး ဟာလေ သတိပြန်လည်လာခဲ့၏။
" အစ်ကို အစ်ကို အဆင်ပြေရဲ့လား "
သတိရရချင်း ကြားလိုက်ရတဲ့အသံက အက်ဆစ်ရဲ့အသံလည်း မဟုတ်ပဲ မြင်လိုက်ရတဲ့ပုံရိပ်က ရေစိုရွှဲနေတဲ့ မာဂရက်သာ ဖြစ်နေခဲ့သည်။ ဧကန္တ ထိုကောင်မလေးက သူ့ကို ခုန်ဆင်းကယ်ခဲ့သည်လား။
" မာဂရက် မင်းက ဘယ်လို? "
တစ်ဖက်ကို လှည့်ကြည့်တော့ ရပ်နေဆဲနေရာမှာ ရပ်ကာ သူတို့ကိုစိုက်ကြည့်နေတဲ့အက်ဆစ်ကို တွေ့ရပြီး မာဂရက်ကတော့ သူ့အား စိတ်ပူတပြင်းဖြစ်နေခဲ့လေသည်။
" တော်သေးတာပေါ့ အစ်ကိုရယ်။ ညီမဖြင့် စိတ်ပူလွန်းလို့ ရင်တွေတုန်သွားတာပဲ။ အရမ်းချမ်းနေမှာပဲ အထဲကိုသွားရအောင်နော် "
သို့နှင့် မာဂရက် ခေါ်ဆောင်ရာနောက်သို့ ဟာလေ လိုက်ပါသွားခဲ့ရသည်။ ဒါပေမယ့် သူ့မျက်ဝန်းတွေကတော့ တစ်စက်ကလေးမှ ရေမစိုသော အက်ဆစ်ဆီကိုပင်။
သူ ရေနစ်မွန်းကြပ်သည်အထိ ပစ်ထားပြီးနောက် အက်ဆစ် သူ့ကိုပြန်လာကယ်လိမ့်မည်ဟု တွေးထားခဲ့ပေမယ့် . . . ထိုကောင်လေးက သူသေတဲ့အထိ စောင့်ကြည့်ချင်နေသည့်ပုံပေါ်၍ စိတ်ထဲ မသိုးမသန့်ဖြစ်လာခဲ့ရသည်။တကယ်ပဲ အက်ဆစ် ပြောင်းလဲသွားခဲ့တာလား။
တကယ်ပဲ ကြောက်စရာကောင်းလာတာလား။" ညီမလာတာကို အစ်ကိုမကြိုက်မှန်းသိပေမယ့် စုံစမ်းမှုအတွက် ပြောစရာလေးရှိလို့ဆိုပြီး ရဲစိတ်တင်လာခဲ့တာ။ ဒီရောက်တော့ အစ်ကို ဘယ်မှာလဲလို့ အက်ဆစ်ကို မေးတော့ ရေခဲပြင်ကြီးကို လက်ညှိုးထိုးပြတယ်လေ။ အဲ့ဒီထဲကို ကျသွားပြီတဲ့။ ညီမ အရမ်းစိတ်ပူပြီး မျက်လုံးတွေပြာသွားတာပဲ။ တော်သေးတာပေါ့ အစ်ကိုရယ်။ အစ်ကို တစ်ခုခုဖြစ်ရင် ညီမ ရင်ကျိုးမှာ "
မီးလင်းဖိုအား ထင်းတွေတစ်ချောင်းပြီးတစ်ချောင်းထည့်ကာ အနွေးဓါတ်ပေးရင်း မာဂရက်တစ်ယောက် စကားတွေ အဆက်မပြတ်ပြောနေခဲ့၏။ ဟာလေလည်း ချမ်းတုန်နေလွန်း၍ ကိုယ်ပေါ်၌ခြုံထားသောစောင်ထည်ထဲသို့ ကျုံ့နေမိပြီး မာဂရက်အား မေးခွန်းထုတ်လိုက်မိသည်။
YOU ARE READING
Hard Murder 2
Mistério / Suspense(Uni)စိတ္တဇလူသတ်သမားတစ်ဦးနှင့်ချစ်ကြိုက်မိခြင်း ဤFictionသည် Psycho 18+အမျိုးအစားဖြစ်၍ စိတ်ပိုင်းဆိုင်ရာ အားနည်းသူများနှင့် နှလုံးအခံရှိသူများ ဖတ်ရန် မသင့်လျော်ပါ။ စာရေးသူ ကိုယ်ပိုင်ဖန်တီးထားသော မူပိုင်ဝတ္ထုတစ်ပုဒ်ဖြစ်ပြီး မည်သူတစ်ဦးတစ်ယောက်ကိုမျှ ထ...