မလွတ်မြောက်နိုင်သော/မလွတ်မြောက်နိုင်သော

836 116 11
                                        

(Uni)** ငါ နင့်အပေါ်အမြဲ မကောင်းမြင်သလိုဖြစ်နေမိခဲ့တာလား လီလီ။ ငါမယုံကြည်ခဲ့ပါဘူး. .အဲ့ဒီနင့်ရဲ့အချစ်ဆိုတာကို ရစ်ချက်ကိုလိုချင်တဲ့အတွက် ဆင်ခြေသပ်သပ်လို့ ငါထင်ခဲ့ဖူးတယ်။ အခုနင်ဘယ်ရောက်နေလဲဟင် ငါနင့်ကိုတောင်းပန်ချင်လိုက်တာ **

တိမ်းစောင်းနေတဲ့အတွေးတွေကို သိမြင်နားလည်စပြုလာတဲ့ယူရှရီမှာ စတိုခန်းထဲသိမ်းထားတဲ့ ဓါတ်ပုံဟောင်းလေးကို ထုတ်ကြည့်ပြီး ပန်ထရက်ဇာကို သတိရလွမ်းဆွတ်နေခဲ့သည်။
ဒီအချိန်ဆို သူဘယ်နေရာမှာ ဘာတွေလုပ်နေသလဲဆိုတဲ့အကြောင်းတွေးရင်း ဓါတ်ပုံလေးကို ရင်ဝယ်ပိုက်ပြီး ဆိုင်ခန်းအရှေ့သို့ ထွက်လာခဲ့သည်။

မနက်ပိုင်းတွင် နှင်းကျတာရပ်သွားသည်မို့ ဆိုင်ဖွင့်ရင်ကောင်းမလားစိတ်ကူးမိသော်လည်း မျှော်နေတဲ့သား ပြန်မလာသေး၍ လမ်းသွယ်ဘက်ကို လည်တမျှော်မျှော်နှင့် ငေးမောနေခဲ့မိသည်။

** ဒီကောင်လေး အမေ့ကိုထားခဲ့ပြီး သူ့နောက်လိုက်သွားတာတော့ မဟုတ်လောက်ပါဘူးနော်။ ဟင်း . . ငါဘာတတ်နိုင်မှာလဲ? ငါသဘောမကျပေမယ့် သားက အရမ်းချစ်နေတာကိုး **

အဟွတ် အဟွတ် . .
" အမယ်လေး ကျွတ် . . ဆေးသောက်ရဦးမယ် "

မနေ့ညကလည်း မေ့မလဲရုံတမည် သူ နှလုံးလန့်သွားရသည်မို့ ရင်ဘတ်က အောင့်၊ ခါးက နာနေသေး၍ တစ်ယောက်တည်း ကိုယ့်ဘာသာ ဖေးမထရင်း ဆေးသွားယူဖို့ ဟန်ပြင်မိသည်။ သို့သော် ခန္ဓာကိုယ်ကို မနိုင်တော့ပဲ ခြေထောက်က ယိုင်နဲ့သွားလေတော့ . . .

" အန်တီ ရရဲ့လား "

သူလဲမလိုဖြစ်သွားစဉ် ဘေးမှ လူတစ်ယောက်ကူတွဲပေးလာ၍ လှည့်ကြည့်လိုက်တော့ မာဂရက်ဖြစ်နေသည်ကို တွေ့လိုက်ရသည်။

" သြော် သမီးပါလား? "

" ဟုတ်ကဲ့ အန်တီ။ အန်တီ နေမကောင်းဘူးလား။ အခု ဘာလုပ်မလို့လဲဟင် သမီးဘာကူပေးရမလဲ? "

" အန်တီ ဆေးသောက်မလို့ပါကွယ် "

" သြော် သမီးယူပေးမယ် အန်တီ "

ညက ဘာဖြစ်ခဲ့သလဲဆိုတာ မသိပဲ သူ့ကို စိတ်ပူပေးနေသည့်မာဂရက်အား ယူရှရီ ငေးကြည့်ရင်း အတွေးလွန်လာမိသည်။
နူးညံ့သိမ်မွေ့ပြီး ချစ်စရာကောင်းတဲ့ဒီလိုမိန်းကလေးမျိုးကို မနှစ်သက်ပဲ ဘယ်လိုကြောင့် အရိုင်းအစိုင်းကောင်လေးတစ်ယောက်ကို သူ့သား တန်းတန်းစွဲဖြစ်နေသလဲ ယူရှရီ အဖြေရှာပင် မရပေ။
ဒီကောင်မလေးနှင့် ဟာလေ့အား နောင်ရေးစိတ်အေးရဖို့ စီစဉ်ပေးချင်သော်လည်း အခုတော့ ဒါဟာစိတ်ကူးသပ်သပ်သာဖြစ်နေခဲ့ပေပြီ။

Hard Murder 2Where stories live. Discover now