(Uni) ကာတွန်းပုံလေးများနှင့်ကျောပိုးလွယ်အိတ်လေးကို လွယ်ရင်း တက်ကြွနေသောဒယ်ရင်လေးအား ထိန်းကျောင်းနေစဉ် ဆိုင်ထဲသို့ လူတစ်ယောက်ဝင်လာ၍ တစ်ဖက်သို့ ကတ်သီအကြည့်ရောက်သွားခဲ့သည်။
" မင်္ဂလာပါ ညီမ "
ထိုလူကလည်း သူ့ဆီသို့လျှောက်လာကာ ပြုံးပြနှုတ်ဆက်လာ၍ သူဟာဘယ်သူလဲဆိုတာ ကတ်သီသေချာကြည့်ပြီးစဉ်းစားလိုက်တဲ့နောက်...
" သြော် ဟိုနေ့က ဦးအတွက် လိပ်စာလာပေးတဲ့လူ ဟုတ်တယ်မဟုတ်လား "
" ညီမက မှတ်မိသားပဲနော်။ အခု ခရစ်တန် ဒီမှာရှိလား "
" ရှိတယ် ရှိတယ် ခေါ်ပေးမယ်နော်။ ဦးရေ ဦး ဒီမှာ ဦးရဲ့အသိတစ်ယောက်ရောက်နေတယ် ဦး "
ကတ်သီရဲ့လှမ်းခေါ်သံကြောင့် နောက်ဖေးစတိုခန်းထဲမှာ အလုပ်ရှုပ်နေတဲ့ခရစ်တန်တစ်ယောက် အလောသုံးဆယ်ဖြင့် အပြင်သို့အပြေးထွက်လာခဲ့လေသည်။ အသိဆိုသောစကားမှာ သူတွေးလိုက်မိသည်ကတော့ စမိုင်းသာ။
" လာပြီ လာ... "
သို့သော် မျက်စိရှေ့မှာတွေ့လိုက်ရသည်က ထင်မှတ်မထားပဲ ဟာလေဖြစ်နေလေတော့ ခရစ်တန်စကားပင်ဆုံးအောင်မပြောနိုင်ပဲ ကျောက်ရုပ်တစ်ရုပ်လို နေရာမှာတင် ရပ်တန့်ကြောင်အမ်းသွားခဲ့ရ၏။ ဟာလေကတော့ သူ့ကိုတည်ငြိမ်စွာစိုက်ကြည့်နေလျှက်သာ။
" ဦး ဟိုတစ်နေ့က ဦးကိုလိပ်စာလာပေးသွားတာဘယ်သူလဲမေးတယ်လေ အဲ့ဒါဒီအစ်ကိုပဲ ဦးရဲ့။ ဦးတို့က အသိတွေမဟုတ်လား "
" ဘယ်လို "
ဒါ့အပြင် ကတ်သီရဲ့ပြောစကားကြောင့် သူ့ကိုလိပ်စာလာပေးသွားသူက သူတစ်ချိန်လုံးရှာဖွေနေတဲ့ဟာလေကိုယ်တိုင်ဖြစ်နေတယ်ဆိုတာသိရတော့ စိတ်ထဲမှာ ခနဲ့ခံလိုက်ရသလိုခံစားလိုက်ရပြီး ကသိကအောက်ဖြစ်မိခဲ့ရသည်။
°°° ဟာလေစံနဲ့ ခင်ဗျားဘယ်တော့မှထပ်မတွေ့တော့ပါဘူးလို့ ကတိပေး။ အဲ့ဒီကတိတစ်ခုပဲ တည်ပေးရင် ကျွန်တော် ခင်ဗျားကို စိတ်ရှင်းရှင်းနဲ့ခွင့်လွှတ်ပေးမယ်။ ကျွန်တော့်ကို အခက်တွေ့အောင်တော့ ဇယားလာမရှုပ်ပါနဲ့ °°°
YOU ARE READING
Hard Murder 2
Misteri / Thriller(Uni)စိတ္တဇလူသတ်သမားတစ်ဦးနှင့်ချစ်ကြိုက်မိခြင်း ဤFictionသည် Psycho 18+အမျိုးအစားဖြစ်၍ စိတ်ပိုင်းဆိုင်ရာ အားနည်းသူများနှင့် နှလုံးအခံရှိသူများ ဖတ်ရန် မသင့်လျော်ပါ။ စာရေးသူ ကိုယ်ပိုင်ဖန်တီးထားသော မူပိုင်ဝတ္ထုတစ်ပုဒ်ဖြစ်ပြီး မည်သူတစ်ဦးတစ်ယောက်ကိုမျှ ထ...
