(Unicode) မာဂရက်ကတော့ အက်ဆစ်က ဟာလေလို စုံထောက်တစ်ဦး ဒါမှမဟုတ် ရဲဝန်ထမ်းတစ်ယောက် ဖြစ်မည်ဟု ထင်ခဲ့သည်။ ဘာကြောင့်လဲဆိုတော့ ဟာလေက စိတ္တဇလူသတ်သမားတစ်ဦးနှင့်ချစ်ကြိုက်လိမ့်မည်ဟု မတွေးထား၍ပင်။
ဒါ့အပြင် ဟာလေကိုကယ်ထုတ်ဖို့ ကြိုးစားမည့်အက်ဆစ်ကလည်း ဘယ်လိုနည်းလမ်းမျိုးကို သုံးမလဲဆိုတာ မသိ၍ပင်။
°°° မဖြစ်ရဘူး ဟာလေစံ. . ခင်ဗျားကို သူ့လိုအဖြစ်မခံနိုင်ဘူး °°°
မာဂရက်ပြတဲ့ပုံကိုမြင်ပြီးကတည်းက အက်ဆစ်မှာ အတိတ်ကအကြောင်းတွေ သတိရပြီး အဝေးပြေးလမ်းမပေါ် မီးပွင့်တော့မတတ် ကားကိုအရှိန်ဖြင့်မောင်းနှင်နေခဲ့သည်။ အကြီးအကဲချန်ရ် လက်ထဲမှာ ဟာလေဘယ်လိုများဖြစ်နေလေမလဲဆိုတဲ့စိုးရိမ်စိတ်တွေပြည့်လာတော့ သူ့တစ်ကိုယ်လုံးမှာ အပူမီးတွေလောင်မြိုက်စပြုလာခဲ့၏။
" ဟေ့ကောင် မင်းဘယ်သူလဲ? ဘာလာလုပ်တာလဲ? "
လူအနည်းငယ် ဆေးလိပ်ထိုင်သောက်နေကြတဲ့ခြံတံခါးတစ်ခုအရောက်မှာတော့ ကားကိုရပ်ပြီး ကမူးရှူးတိုးဖြင့် အထဲဝင်ဖို့ သူကြိုးစားလိုက်သည်။ ထိုအခါ ခြံဝမှာထိုင်နေတဲ့ဂိုဏ်းသားတချို့က ထလာပြီး သူ့ကို တားမြစ်လာကြ၏။
" ဟာလေစံ ဘယ်မှာလဲ? "
မှောင်ရီရီပတ်ဝန်းကျင်တစ်ခုမှာ တိုးတိတ်စွာထွက်ပေါ်လာတဲ့ သူ့ရဲ့မေးခွန်းက အမှောင်ထဲက နတ်ဆိုးတစ်ကောင်ရဲ့ရှိုက်သံအလား။
ဟုတ်သည်။ အကြီးအကဲချန်ရ်ရဲ့အိမ်ရှေ့မှာ နတ်ဆိုးတစ်ကောင်ရောက်နေပေပြီ။ ထိုနတ်ဆိုးက သူတို့အသက်ကို နှုတ်ယူတော့မည်ဆိုတာ သတိမထားမိတဲ့လူတွေကတော့ ပေါ့ပျက်ပျက်နှင့်သာ ပြန်ဖြေကြ၏။" ဟဟ သူဘာပြောလိုက်တာလဲ? ကြားလိုက်ကြလား "
" သြော် ငါသိပြီ။ ဟို အခြောက်ကောင်ကိုပြောတာထင်တယ်။ မင်းက ဘာလုပ်မလို့. . . အား "
တစ်ဖက်လူက ဟာလေကို လက်လွတ်စပယ်ပြောလိုက်သည်ဆိုလျှင်ပဲ သူ့လက်ထဲမှာ အဆင်သင့်ပါလာပြီးဖြစ်တဲ့ဓါးတစ်လက်က ထိုလူ၏ပါးစပ်ပေါက်တည့်တည့်သို့ လျှပ်စီးလို ဖြတ်ပြေးသွားခဲ့သည်။ ပါးစောင်နှစ်ဖက်လုံး ပြဲထွက်သွားပြီး ဖောက်ခနဲ ထွက်လာတဲ့သွေးတွေက ဓါးသွားတစ်လျှောက် စိုရွှဲသွားလျှက်. . . ။
![](https://img.wattpad.com/cover/285305947-288-k845038.jpg)
YOU ARE READING
Hard Murder 2
Bí ẩn / Giật gân(Uni)စိတ္တဇလူသတ်သမားတစ်ဦးနှင့်ချစ်ကြိုက်မိခြင်း ဤFictionသည် Psycho 18+အမျိုးအစားဖြစ်၍ စိတ်ပိုင်းဆိုင်ရာ အားနည်းသူများနှင့် နှလုံးအခံရှိသူများ ဖတ်ရန် မသင့်လျော်ပါ။ စာရေးသူ ကိုယ်ပိုင်ဖန်တီးထားသော မူပိုင်ဝတ္ထုတစ်ပုဒ်ဖြစ်ပြီး မည်သူတစ်ဦးတစ်ယောက်ကိုမျှ ထ...