(Uni) " လူတစ်ယောက်အတွက် ခရီးတွေအများကြီးနှင်ပြီး ဒီအထိလာရှာတယ်ပေါ့။ အရမ်းရင်းနှီးတဲ့လူမို့လို့လား? "
" တစ်ခါမှလည်း မတွေ့ဖူး မမြင်ဖူးပါဘူးရှင်။ အရမ်းအရေးကြီးနေလို့ပါ "
" ဘယ် ဘယ်အထိ ဆက်သွားရဦးမှာလဲ? "
ကူညီလိုစိတ်အပြည့်ရှိတဲ့ဟာလေမှာ နွမ်းဖျော့တဲ့ထိုမိန်းကလေးကို ကရုဏာသက်ဝင်မိ၍ မေးလိုက်မိသော်လည်း ထိုမိန်းကလေးဟာ သူ့အား မယုံသင်္ကာနှင့် စိုက်ကြည့်လာခဲ့သည်။ သူ့အကြောင်းကို ဟာလေ မေးနေသည်ကလည်း ကိုယ်ရေးကိုယ်တာကို စွက်ဖက်သလို ဖြစ်သွားတာမို့ . . ဟာလေလည်း သူ့စကားသူ ပြန်ထိန်းလိုက်မိသည်။
" ဆော်တီးပါ။ ကျွန်တော် မေးခွန်းတွေအရမ်းများသွားတယ်။ "
" ရပါတယ်ရှင်။ ရှင်က ဘယ်သူလဲ? ကျွန်မကို ကူညီတဲ့သူဆိုတော့ နည်းနည်းလောက်ပဲဖြစ်ဖြစ် သိပါရစေ "
" ကျွန်တော့်နာမည်က ဟာလေစံပါ။ အရင်က အမှုစစ်စုံထောက်တစ်ဦးပါ။ "
" စုံထောက်?? "
စုံထောက်ဆိုတဲ့စကားကိုကြားတော့ ထိုမိန်းကလေးရဲ့မျက်ဝန်းတွေက အရောင်လဲ့လာပြီး နှုတ်ခမ်းလွှာမှလည်း မြိုသိပ်ထားသည့်အကြောင်းအရာတွေကို ရင်ဖွင့်ချင်သည့်ပုံပေါ်လာခဲ့သည်။
သူ့ကို ကူညီပေးပါလို့ ပြောချလိုက်ချင်သည်အထိပင် မအီမသာဖြစ်လာခဲ့၏။" ဟုတ်ဟုတ်တယ်။ စုံထောက်ပါ။ ဒါပေမယ့် အဲ့ဒါက အခုမဟုတ်တော့ဘူး။ ရာထူးကနေ ကျွန်တော် နားလိုက်ပြီ။ "
" ကျွန်မ ခံစားမိတယ်။ ရှင့်မျက်ဝန်းထဲမှာ စာနာစိတ်နဲ့ အမှန်တရားအတွက် သတ္တိတွေ ပြည့်နှက်နေတယ်ဆိုတာ။ ကျွန်မလို သူစိမ်းတစ်ယောက်ကို အခုလို ကူညီပေးတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်။ ကျွန်မ နာမည်က မာဂရက်ပါ။ ရှင်က ကျွန်မထက် နည်းနည်းပိုကြီးမယ်ထင်တယ်။ အကိုဟာလေလို့ ခေါ်ပါရစေ "
" ကောင်းပါပြီခင်ဗျာ။ တွေ့ရတာ ဝမ်းသာပါတယ် "
ကူညီလိုက်ရသည်နှင့်ပင် ကျေနပ်နေမိတဲ့ဟာလေစံတစ်ယောက် သူမ၏ကမ်းပေးလာသောလက်ကို ဆုပ်ကိုင်လိုက်ပြီး အချင်းချင်း မိတ်ဆက်လိုက်မိကြသည်။
YOU ARE READING
Hard Murder 2
Mystère / Thriller(Uni)စိတ္တဇလူသတ်သမားတစ်ဦးနှင့်ချစ်ကြိုက်မိခြင်း ဤFictionသည် Psycho 18+အမျိုးအစားဖြစ်၍ စိတ်ပိုင်းဆိုင်ရာ အားနည်းသူများနှင့် နှလုံးအခံရှိသူများ ဖတ်ရန် မသင့်လျော်ပါ။ စာရေးသူ ကိုယ်ပိုင်ဖန်တီးထားသော မူပိုင်ဝတ္ထုတစ်ပုဒ်ဖြစ်ပြီး မည်သူတစ်ဦးတစ်ယောက်ကိုမျှ ထ...